ပယ်လိုစီ ထိုင်ဝမ်သို့ ထပ်မလာရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အမေရိကန်ကို သတိပေး

ပယ်လိုစီ ထိုင်ဝမ်သို့ ထပ်မလာရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အမေရိကန်ကို သတိပေး

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီအနေဖြင့် ထိုင်ဝမ်သို့ နောက်တစ်ကြိမ်လာခြင်းဖြင့် ဆင်ခြင်ဉာဏ် ကင်းမဲ့ပြီး ပြဿနာပိုမိုကြီးထွားစေခြင်းမျိုးကို ရှောင်ကြဉ်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဩဂုတ် ၅ ရက်တွင် သတိပေးလိုက်သည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ ၅၅ ကြိမ်မြောက် အစည်းအဝေးတွင် ဝမ်က “အောက်လွှတ်တော် ဥက္ကဋ္ဌ ထိုင်ဝမ်ကို နောက်တစ်ကြိမ်ထပ်လာပြီးတော့ အမှားအယွင်းထပ်မံကျူးလွန်ဖို့ အမေရိကန်မှာ အခွင့်အရေးမရှိပါဘူး” ဟု ပြောကြားခဲ့သည်။

“တရုတ်အစိုးရက အကြိမ်ကြိမ် ကန့်ကွက်ပြီး ပြောဆိုနေတာကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီက အလေးမထားတာပဲ ဖြစ်ပါတယ်” ဟု ဝမ်က ပြောသည်။

တရုတ်စစ်တပ်က ထိုင်ဝမ်ရေလက်ကြား၌ စစ်ရေးလေ့ကျင့်မှုများအတွက် လေယာဉ် ၆၈ စင်းနှင့် သင်္ဘော၁၃ စင်းတို့ကို ဒေသစံတော်ချိန်ညနေ ၅ နာရီအထိ စေလွှတ်ခဲ့ပြီး အချို့သည် နယ်နမိတ် သတ်မှတ်မျဉ်းကို ဖြတ်ကျော် ကာ ရေလက်ကြားသတ်မှတ်ချက်များကို ချိုးဖောက်ခဲ့သည်။

“ဒါဟာ အမေရိကန်အစိုးရက မျက်နှာပြောင်တိုက်ပြီး ပယ်လိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကို ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီခရီးစဉ်က တရုတ်ရဲ့ အချုပ်အခြာအာဏာအပေါ် ဆိုးရွားစွာ ထိခိုက်စေသလို၊ မိမိတို့ရဲ့ ပြည်တွင်းရေးမှာ ပြင်းပြင်းထန်ထန် ဝင်ရောက်နှောက်ယှက်တာဖြစ်ပြီး တရုတ်နဲ့ ပြုလုပ်ထားတဲ့ ကတိကဝတ်ကို  ချိုးဖောက်ကာ ထိုင်ဝမ်ရေလက်ကြား ဆက်ဆံရေးကို နှောက်ယှက်တာဖြစ်ပါတယ်” ဟု ဝမ်က ပြောကြားသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တရုတ်က ပယ်လိုစီ၏ ခရီးစဉ်ကို ကန့်ကွက်သည့်အနေဖြင့် ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုများသည် မလုပ်သင့်သလို တင်းမာမှုများ မြင့်တက်လာစေနိုင်ကြောင်း  ဩဂုတ် ၅ ရက်တွင် ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required