တရုတ်နိုင်ငံတွင် ဘွဲ့ရများ အလုပ်လက်မဲ့ဖြစ်နေကြကာ ရည်မှန်းချက်များ လျှော့ချလာ

တရုတ်နိုင်ငံတွင် ဘွဲ့ရများ အလုပ်လက်မဲ့ဖြစ်နေကြကာ ရည်မှန်းချက်များ လျှော့ချလာ

တရုတ်နိုင်ငံသမိုင်းတစ်လျှောက်တွင် ပညာအတတ်ဆုံးဖြစ်သည့် မျိုးဆက်သည် ဆုတ်ယုတ်မှုများနှင့် ရင်ဆိုင်နေရကာ လူငယ် ၁၅ သန်းခန့်သည် အလုပ်လက်မဲ့ဖြစ်မည်ဟု ခန့်မှန်းရပြီး အများစုသည် ၎င်းတို့ ရည်မှန်းချက်များကို လျှော့ချနေရသည်။ 
 ဇူလိုင်လတွင် နိုင်ငံစာရင်းအင်းဗျူရိုမှ နောက်ဆုံးထုတ်ပြန်သော ကိန်းဂဏန်းများအရ မြို့ပြဒေသများတွင် ပျမ်းမျှအလုပ်လက်မဲ့နှုန်းသည် ယခုနှစ် ဒုတိယ ၃ လပတ်တွင် ၅ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ မေလနှင့် ဇွန်လတွင်  ၅ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၅ ဒဿမ ၅ ရာခိုင်နှုန်းအထိ ဆက်လက်ကျဆင်းခဲ့သည်။ ဧပြီလတွင်လည်း ၆ ဒသမ ၁ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သည်။

 အတိအကျဆိုပါက ဇွန်လတွင် အသက် ၁၆ နှစ်မှ ၂၄ နှစ်အကြား လူငယ်များသည် အလုပ်ရရှိရေးအတွက် အခက်အခဲများနှင့်ရင်ခဲ့ရကာ အလုပ်လက်မဲ့နှုန်းသည် ၁၉ ဒသမ ၃ ရာခိုင်နှုန်းအထိရောက်ရှိသွားခဲ့သည်။

 အစိုးရဌာနများတွင် အလုပ်လုပ်နေသော လူငယ်များမှာလည်း လုပ်ငန်းခွင်သစ်သို့ ဆက်လှမ်းနိုင်ခြေ နည်းပါးနေကာ ဆန်းသစ်တီထွင်ပြီး နည်းပညာအဆင့်မြင့်သော စီးပွားရေးအတွက် တရုတ်နိုင်ငံ၏ ရည်မှန်း ချက်ကို လက်လွှတ်ရဖွယ်ရှိသည်။

လူငယ်များသည် ပုဂ္ဂလိကလုပ်ငန်းများအပေါ် ယုံကြည်မှုလျော့နည်းလာပြီး အစိုးရကဏ္ဍများတွင် လစာ နည်းနည်းနှင့်လုပ်ရန် ဆန္ဒရှိလာကြသည်။
 
ထို့ပြင် အလုပ်သမားဈေးကွက်ထဲဝင်ရောက်မည့် ကောလိပ်များနှင့် အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းမှ ဘွဲ့ရများသည် လစ်လပ်သောရာထူးနေရာနှင့် အလုပ်ရှာသူ၏မျှော်မှန်းချက်အကြား မကိုက်ညီမှုများ ရှိကြောင်း တွေ့ရှိခဲ့ကြသည်။

 ကိုဗစ်ရောဂါဖြစ်ပွားချိန်တွင် ပုဂ္ဂလိကကုမ္ပဏီအများအပြားသည် ဝန်ထမ်းများလျှော့ချခဲ့ကြပြီး ယမန်နှစ်က ဘွဲ့ရများအနက် ၃၉ ရာခိုင်နှုန်းသည် အစိုးရလုပ်ငန်းများကို လျှောက်ထားခဲ့ကြကြောင်း အလုပ်သမားရှာဖွေရေး အကျိုးဆောင်ကုမ္ပဏီ 51job Inc၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly