တရုတ်အစိုးရကို လိုလားသောအဖွဲ့များက သမ္မတရှီ၏ မိန့်ခွန်းကို ချီးကျူးဂုဏ်ပြုသည့်ဆွေးနွေးပွဲပေါင်း ၆၀ ကျော်ကိုဟောင်ကောင်တွင် ကျင်းပ 

တရုတ်အစိုးရကို လိုလားသောအဖွဲ့များက သမ္မတရှီ၏ မိန့်ခွန်းကို ချီးကျူးဂုဏ်ပြုသည့်ဆွေးနွေးပွဲပေါင်း ၆၀ ကျော်ကိုဟောင်ကောင်တွင် ကျင်းပ 

ဟောင်ကောင်ရှိ တရုတ်အစိုးရကို လိုလားသော အဖွဲ့အစည်းများက တရုတ်သမ္မတ ရှီကျင့်ဖျင် ဟောင်ကောင် သို့ လာရောက်လည်ပတ်စဉ်အတွင်း ပြောကြားခဲ့သော မိန့်ခွန်းကို အစွမ်းကုန် ချီးကျူးခဲ့ကြပြီး ယင်းတို့ကိုဂုဏ်ပြုသည့် ဟောပြောပွဲပေါင်း ၆၀ ကျော်အထိကျင်းပခဲ့ကြသည်။

ဟောင်ကောင်အား တရုတ်သို့ လွှဲပြောင်းပေးအပ်ခြင်း ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဟောင်ကောင်သို့ လာရောက်စဉ် ပြောကြားခဲ့သော တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဂုဏ်ကျေးဇူးများကို  တရုတ်အစိုးရကို လိုလားသော အဖွဲ့အစည်းများက လေ့လာသုံးသပ်ခဲ့ကြခြင်းဖြစ်သည်။

၂၀၁၃ခုနှစ်တွင် သမ္မတရှီ နိုင်ငံ့တာဝန်ကို ဦးစီးတာဝန် ယူချိန်မှ စ၍ နိုင်ငံရေးလေ့လာမှုသည် စံတစ်ခုဖြစ်လာသည်ဟု  နိုင်ငံရေးဝေဖန်သုံးသပ်သူ ဒဲရက်ခ်ယွင်က ပြောကြားခဲ့သည်။

သို့သော် ယခုလတွင် ဟောင်ကောင်၌ ကျင်းပခဲ့သော ဆွေးနွေးပွဲ ဒါဇင်ပေါင်းများစွာသည် မိန့်ခွန်းကို တိကျစွာ အဓိပ္ပါယ်မဖော်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရှီကျင့်ဖျင်အား စိတ်အားထက်သန်စွာ ချီးကျူးဂုဏ်ပြုရန် စီစဉ်ထားသည့် အဆိုပါ နှီးနှောဖယ်လှယ်ပွဲများနှင့် ဆွေး နွေးပွဲများကို "သမ္မတ ရှီကျင့်ဖျင်၏ အရေးကြီးသော မိန့်ခွန်းကို လေ့လာရန်၊ လူသိများလာစေရန်နှင့် အကောင်အထည်ဖော်ရန်” ဟူသည့် ဆောင်ပုဒ်ဖြင့်ကျင်းပကြခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲများသို့တက်ရောက်သူများတွင် နိုင်ငံ့ဝန်ထမ်းများ၊ ကောင်စစ်ဝန်များမှသည် သူငယ်တန်းကျောင်းသားများအထိ ပါဝင်သည်ဟု Hong Kong Free Press က ဖော်ပြခဲ့သည်။

အမျိုးမျိုးသောသတင်းအစီရင်ခံချက်များနှင့် အစိုးရသတင်းထုတ်ပြန်ချက်များကို လေ့လာပြီးနောက် အနည်းဆုံး နှီးနှောဖလှယ်ပွဲ (သို့မဟုတ်) ဆွေးနွေးပွဲ ၆၁ ခုကို ဇူလိုင်လ ၂ ရက်မှ ဇူလိုင် ၂၅ ရက်အတွင်း ကျင်းပခဲ့သည်ကို တွေ့ရှိခဲ့သည်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဂျွန်လီက ဦးဆောင်သည့် အချို့ပွဲများကို အစိုးရမှ ဦးဆောင်ကျင်းပခဲ့ပြီး ရာထူးဝန်အဖွဲ့မှ စီစဉ်သည့် အစည်းအဝေး ၄ ခု လည်းရှိသည်။ 

ယင်းပွဲများသို့တက်ရောက်သူများစွာရှိခဲ့ရာတွင် ရာထူးအသီးသီးမှ ဝန်ထမ်း ၁၂၇၀ ကျော် ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly