နန်စီပလိုစီ၏ထိုင်ဝမ်ခရီးစဉ်အပေါ် တရုတ်အစိုးရ၏ တုံ့ပြန်မှုကို ပြည်တွင်းရှိ လူမှုမီဒီယာအသုံးပြုသူများက လှောင်ပြောင်

နန်စီပလိုစီ၏ထိုင်ဝမ်ခရီးစဉ်အပေါ် တရုတ်အစိုးရ၏ တုံ့ပြန်မှုကို ပြည်တွင်းရှိ လူမှုမီဒီယာအသုံးပြုသူများက လှောင်ပြောင်

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ဩဂုတ် ၂ ရက်က သွားခဲ့သော ထိုင်ဝမ်ခရီးစဉ်အပြီးတွင် တရုတ်လူမှုမီဒီယာအသုံးပြုသူများက အစိုးရအား ပြင်းထန်စွာ ပြောဆိုခြိမ်းခြောက်ထားသည့်အတိုင်း လုပ်နိုင်စွမ်းမရှိမှုနှင့် ပလိုစီ၏ထိုင်ဝမ်ခရီးစဉ်ရပ်တန့်ရေး စစ်ရေးလေ့ကျင့်မှုများလုပ်ဆောင်ခြင်းအပေါ် လှောင်ပြောင်ခဲ့ကြသည်။

နန်စီပလိုစီ၏ လေယာဉ် ထိုင်ဝမ်သို့ ဩဂုတ် ၂ ရက်က ဆင်းသက်ချိန်၌ ထိုင်ဝမ်ရေလက်ကြားတွင် စစ်ရေးလေ့ကျင့်မှု မရှိခြင်းနှင့် တရုတ်၏ မရဲတရဲ တုံ့ပြန်မှုအပေါ် စိတ်ပျက်မိကြောင်း အင်တာနက် အသုံးပြုသူများစွာက ပြစ်တင်ခဲ့ကြသည်။

 တရုတ်စစ်တပ်သည် အခွန်ထမ်းပြည်သူများ၏ ပိုက်ဆံကို ဖြုန်းတီးပစ်သည်ဟု လူမှုမီဒီယာအသုံးပြုသူများက ပြောသည်။

 အစိုးရ၏ လိမ်ညာမှုကို ခံစားရကြောင်းလည်း ပြောဆိုမှု အများအပြားရှိခဲ့ကြသည်။ ပလိုစီ၏ လေယာဉ်ဆင်းသက်ပြီး သိပ်မကြာမီ Weibo  အသုံးပြုသူတစ်ဦးက တရုတ်အစိုးရအားအပြစ်တင်လျက် ပါဝါမရှိဘဲ ထုတ်မကြွားပါနဲ့ ဟု ရေးသားခဲ့သည်။

 လူမှုမီဒီယာအသုံးပြုသူများက ကမ္ဘာ့ဖလား ခြေစစ်ပွဲ တစ်ကြိမ်သာ အောင်ခဲ့သည့် တရုတ်ဘောလုံးအသင်းနှင့် တရုတ်စစ်တပ်အား နှိုင်းယှဉ်ကာ ရယ်စရာအဖြစ် ပြောဆိုကြသည်။

 အင်တာနက်အသုံးပြုသူများသည် ထိုင်ဝမ်အနီးစစ်ရေးလေ့ကျင့်မည့် တရုတ်စစ်တပ်၏ ကြေညာချက်ကိုလည်း သရော်ခဲ့ကြသည်။ “လောင်စာဆီကို ချွေတာပါ” “အခုအချိန်မှာ ဆီက အရမ်းဈေးကြီးနေပြီ” စသဖြင့် WeChat အသုံးပြုသူများက မှတ်ချက်ပြုကြသည်။

 သို့သော် ဩဂုတ် ၃ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချန်ယင်က ပြည်သူများ၏ စိတ်ပျက်မှုနှင့်ပတ်သက်၍ တရုတ်ပြည်သူများက ၎င်းတို့နိုင်ငံနှင့်အစိုးရအပေါ် ယုံကြည်မှုရှိသည်ဟု သူမအနေဖြင့် ယူဆပါကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required