တရားမဝင်ကုန်သွယ်မှုများပြားလာသည့် နီပေါတွင်  တရုတ်ရာဇဝတ်ဂိုဏ်းများ ပိုမိုအရှိန်ကောင်းလာ

တရားမဝင်ကုန်သွယ်မှုများပြားလာသည့် နီပေါတွင်  တရုတ်ရာဇဝတ်ဂိုဏ်းများ ပိုမိုအရှိန်ကောင်းလာ

တရားမဝင်ကုန်သွယ်မှုများ အရှိန်အဟုန်မြင့်တက်လာသည့် နီပေါနိုင်ငံတွင်  သံသယဖြစ်ဖွယ် ဖုန်းခေါ်ဆိုရေး စင်တာတစ်ခုအား မကြာသေးမီက ဝင်ရောက်စီးနင်းပြီးနောက် လိမ်လည်မှုတွင် ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသားတစ်ဦးကို ခရိုင်ရဲအရာရှိများက ဖမ်းဆီးခဲ့သည်။

နီပေါ တီလိုတာမာ-၂ ဂျနကီနဂါဧရိယာတွင် တည်ရှိသော Blue Sky Business Solutions အမည်ရှိ ခေါ်ဆိုရေး စင်တာကို ခရိုင်ရဲတပ်ဖွဲ့ရုံးရူပန်ဒီဟီမှ ရဲအဖွဲ့တစ်ဖွဲ့က ဇူလိုင် ၂၄ ရက်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့၏ အဆိုအရ ယခုအခါ တရုတ်များက နီပေါအား တရားမဝင် ကုန်သွယ်မှုနှင့် လိမ်လည်မှုဆိုင်ရာ ရာဇ ဝတ်မှုများအတွက် ကြားခံနေရာတစ်ခုအဖြစ် သတ်မှတ်ထားသည်။ ထို့ပြင် တရုတ်ရာဇဝတ်မှု ကွန်ရက်များသည် တောရိုင်းတိရစ္ဆာန်များ မှောင်ခိုကူးမှုများ ပိုမိုပြုလုပ်လာခဲ့သည်။

ရဲတပ်ဖွဲ့သည် အာဖရိကတိုက်ရှိ ကွန်ဂို၊ ထို့နောက် တူရကီမှ တစ်ဆင့် နီပေါသို့ သယ်ဆောင်လာသော တရုတ် အမျိုးသားထံမှ သင်းခွေချပ် ၁၆၂ ကီလိုဂရမ်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း Khabarhub က ဖော်ပြခဲ့ သည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်တွင် တရုတ်နိုင်ငံသား ချဲရှီရုန်နှင့် ချဲလီဘာတို့ကို ခေတ္တမန္ဒူလေဆိပ်တွင် သင်းခွေချပ်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

 ၂၀၁၈ ခုနှစ် သြဂုတ် ၂၁ ရက်က တာမဲလ်မြို့ရှိ ဟိုတယ်တစ်ခုတွင် တရုတ်နိုင်ငံသား ၃ ဦးကို ရေနဂါးနှင့် ကျားအရေခွံများဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ ခေတ္တမန္ဒူဝမ်းဟိုတယ်၏ ပိုင်ရှင်မှာ တရုတ်နိုင်ငံသား ချန်ကန် ဖြစ်သည်။

တရုတ်နိုင်ငံသားများသည် ရှီးပတီး၊ ဆူနာခါရီ၊ ကျားအရိုးနှင့် အမျိုးမျိုးသော ဆေးဖက်ဝင်အပင်များကို မှောင်ခိုတင်သွင်းမှုတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည်။ 

ထို့ပြင် နီပေါရှိ ဆေးဘက်ဆိုင်ရာကဏ္ဍတွင် တရုတ်တို့သည် ရာဇဝတ်မှုကွန်ရက်ကို တိုးချဲ့ခဲ့သည်။

ရဲတပ်ဖွဲ့၏ အဆိုအရ ယခုအချိန်တွင်ပင် တရုတ်နိုင်ငံသားအချို့သည် နီပေါနိုင်ငံသား ဟန်ဆောင်ကာ အလားတူ ဆေးရုံများ လည်ပတ်သည့် လုပ်ငန်းတွင် ပါဝင်ပတ်သက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required