ဒလိုင်းလားမားသည် ကမ္ဘာ့ဒီမိုကရေစီနှင့် လွတ်လပ်မှုအတွက်  စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သီရိလင်္ကာ ပါမောက္ခတစ်ဦးပြောကြား

ဒလိုင်းလားမားသည် ကမ္ဘာ့ဒီမိုကရေစီနှင့် လွတ်လပ်မှုအတွက်  စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သီရိလင်္ကာ ပါမောက္ခတစ်ဦးပြောကြား

ဒလိုင်းလားမားသည် တိဗက်အတွက်သာမက ကမ္ဘာ့ဒီမိုကရေစီနှင့် လွတ်လပ်မှုကို ထောက်ခံ အားပေးသည့် စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သီရိလင်္ကာအခြေစိုက် ပါမောက္ခတစ်ဦးက ပြောကြားလိုက်သည်။

ဒလိုင်းလားမား၏ ၈၇ နှစ်မြောက် မွေးနေ့တွင် သီရိလင်္ကာရှိ ဗုဒ္ဓဘာသာနှင့် ပါဠိတက္ကသိုလ်မှ လီနာဂါလာ သီရိနိဗာစာက ဒလိုင်းလားမားသည် ကမ္ဘာတွင် အပြုသဘောဆောင်သော ခြားနားမှုများကို မြင်လို သူတိုင်းအတွက် စံနမူနာဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Daily Mirror တွင် ဖော်ပြထားသည်။

 ဒလိုင်းလားမားသည် တရုတ်၏ ရန်လိုမှုကြောင့် တိဗက်ဗုဒ္ဓဘာသာဝင် ၇ သန်းကျော်၏ ဘာသာရေး ခေါင်း ဆောင်နေရာကို စွန့်လွှတ်ခဲ့ရပြီး နှစ် ၆၀ ကြာ တိဗက်နှင့် အဝေးတွင်နေထိုင်ခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့ သည်။

ဒလိုင်းလားမားတွင် စိတ်ရှည်ခြင်း၊ ဟာသဉာဏ်၊ ကိုယ်ကျိုးမကြည့်ဘဲ ကူညီလိုစိတ်၊ ရိုးသားသော ကလေး သဘာဝနှင့် ကမ္ဘာနှင့် တိဗက်အတွက် အာမခံချက်များရရှိရန် စဉ်ဆက်မပြတ်ကြိုးစားအားထုတ်မှုကဲ့သို့သော ကမ္ဘာမြေမှ နတ်ဘုရားတစ်ပါးကဲ့သို့  နှိုင်းယှဉ်မရနိုင်သည့် ဝိသေသလက္ခဏာများရှိကြောင်း သီရိနိဗာစာက ပြောကြားခဲ့သည်။

 အဝေးတွင် နေထိုင်စဉ်ကာလအတွင်း သူ၏ အောင်မြင်မှုများကို မှတ်တမ်းတင်ရန် စာမျက်နှာများစွာ လိုအပ်မည်ဖြစ်ကြာင်း ၎င်းက ပြောကြားခဲ့သည်။

 ဒလိုင်းလားမား၏ ရိုးရှင်းသော သဘောသဘာဝကို ကိန်းဘရစ်သမဂ္ဂတွင် ပြုလုပ်သည့် စာတမ်းဖတ်ပွဲ၌ မိန့်ခွန်း ပြောကြားစဉ်တွင် ထင်ရှားခဲ့ကြောင်းနှင့် လူသားချင်းအပေါ် သူ၏ အမြင်နှင့် ခေတ်ပြိုင်ကမ္ဘာကို သူ၏ ချဉ်းကပ် မှုများသည် ကမ္ဘာ့မြို့တော်များတွင် သူ၏ ဟောပြောချက်များနှင့် တရားတော်များတွင် မြင်တွေ့နေရကြောင်း ၎င်းက ပြောကြားခဲ့သည်။

 ဒလိုင်းလားမား၏ ဘဝတွင် အဓိကကတိကဝတ် ၃ ခု ရှိသည်။ ပထမအချက်တွင် စာနာမှု၊ ခွင့်လွှတ်မှု၊ သည်းခံမှု၊ ရောင့်ရဲမှုနှင့် မိမိကိုယ်ကို ဆုံးမမှုတို့ကဲ့သို့သော လူ့တန်ဖိုးများကို မြှင့်တင်ခြင်း ပါဝင်ကြောင်း သီရိနိဗာစာကို ကိုးကား၍ ထုတ်ဝေမှုတွင် ဖော်ပြထားသည်။

ဒုတိယအချက်မှာ ကမ္ဘာ့ဘာသာရေး ထုံးတမ်းစဉ်လာများကြား ဘာသာရေး သဟဇာတဖြစ်မှုနှင့် နားလည်မှု မြှင့်တင်ရေးတို့ ပါဝင်သည်။

တိဗက်လူမျိုးဒလိုင်းလားမား၏ တတိယ ကတိကဝတ်မှာ တိဗက်၏ ဗုဒ္ဓဘာသာယဉ်ကျေးမှုကို ငြိမ်းချမ်းရေးနှင့် အကြမ်းမဖက်သော ယဉ်ကျေးမှုအဖြစ် ထိန်းသိမ်းရန်နှင့် တိဗက်၏ သဘာဝပတ် ဝန်းကျင်ကို ကာကွယ် စောင့်ရှောက်ရန် ဖြစ်ကြောင်း သီရိလင်္ကာ ပါမောက္ခက ဆက်လက်ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly