ဒစ်ဂျစ်တယ်လွတ်လပ်မှု မရှိသည့် တိဗက်တွင် တရုတ်အစိုးရက ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုဆိုင်ရာ ပြပွဲပြုလုပ် 

By Tibet Rights Collective 
04 August 2022
ဒစ်ဂျစ်တယ်လွတ်လပ်မှု မရှိသည့် တိဗက်တွင် တရုတ်အစိုးရက ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုဆိုင်ရာ ပြပွဲပြုလုပ် 

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၂ခုနှစ်ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်စီးပွားရေးညီလာခံကို ဇူလိုင် ၂၈ ရက် မှ ၃၀ ရက်အထိ ကျင်းပချိန်တွင် တိဗက်မြို့တော် လာဆာတွင်လည်း အလားတူ အစည်းအဝေးတစ်ရပ်ကို ကျင်းပလျက်ရှိသည်။

 အခမ်းအနား အထိမ်းအမှတ်အဖြစ် လာဆာမြို့တွင် မီးအလှပြပွဲ၊ UAV ပြပွဲနှင့် မီးရှုးမီးပန်းပြပွဲများ ပြုလုပ်ခဲ့ ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

 သို့သော် တိဗက်တွင် စီးပွားရေးကို ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး အခမ်းအနားကျင်းပခြင်းသည် အဝေးရောက် တိဘက်များနှင့် ဆက်သွယ်ခြင်း၊ ဘုန်းတော်ကြီး ဒလိုင်းလားမား၏ ရုပ်ပုံများကို လူမှုမီဒီယာတွင် တင်ခြင်း နှင့် We Chat အုပ်စုများ ဖန်တီးခြင်းတို့အတွက် တိဗက်လူမျိုးများ ဖမ်းဆီးခံရမှု တိုးပွားလာခြင်းကို မသိကျိုးကျွံပြုနေသလိုဖြစ်နေသည်။ 

 တရုတ် တိဗက်ပြည်သူလူထုတစ်ရပ်လုံး၏ နိုးကြားမှုကို ထိန်းချုပ်ထားရန် ယင်း၏ စောင့်ကြည့်ရေးကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်ခဲ့သည်။
 
တိဗက်တွင် သံကန့်လန့်ကာများကို အချိန်အတော်ကြာ ပိတ်ထားခဲ့ပြီး နိုင်ငံတကာ မီဒီယာများ၊ သတင်း ထောက်များ၊ ထောက်ခံအားပေးသူများ၊ သုတေသီများ၊ အစိုးရများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည့် တိဗက်သို့ လွတ်လပ်စွာ လာရောက်လည်ပတ်ခွင့်အတွက် ကန့်သတ်ချက်များ ရှိနေသည်။

“တိဗက်အတွင်း ပြင်းထန်သော ဖိနှိပ်ချုပ်ချယ်မှု အခြေအနေက ဒေသတွင်း ဒစ်ဂျစ်တယ် စောင့်ကြည့်ခြင်း၏ နယ်ပယ်ကို နားလည်ရန် ခက်ခဲစေသည်” ဟု TPI မှ မှတ်ချက်ပြုသည်။ ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီ (CCP) သည်  ကိုယ်ပိုင် အင်တာနက်ကို ဖန်တီးထားပြီး နဂိုမူလ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ခွင့်ကို ကန့်သတ် ခြင်းဖြင့် အွန်လိုင်းနှင့် အွန်လိုင်းမဟုတ်သည့် အဝင်အထွက် များကို စောင့်ကြည့်ရန်နှင့် ကန့်သတ်ရန် ယင်း၏ "Great Firewall" ကို အဆက်မပြတ် အဆင့်မြှင့်တင်နေသည်။

တိဗက်ရှိ တရုတ်အာဏာပိုင်များက ပွင့်လင်းမြင်သာစွာ သတင်းဖြန့်ဝေခြင်းကို တားဆီးရန် အွန်လိုင်း “အဖျက် အမှောင့်” လှုပ်ရှားမှုများကို ချေမှုန်းရန် ကြိုးပမ်းသည့်အနေဖြင့် သတင်းပေးသူများအား များပြားလှသော ဆုငွေများ ပေးလျက်ရှိသည်။

ဖွင့်ပွဲအခမ်းအနားနှင့် GDEC ၏ အဓိကဖိုရမ်တွင် ကမ္ဘာ့အစိုးရများ၊ စီးပွားရေးလုပ်ငန်းများ၊ တက္ကသိုလ်များ၊ သုတေသနအဖွဲ့များနှင့် ဘဏ္ဍာရေးဆိုင်ရာများ၊ အသုံးပြုသူများမှ ထိပ်တန်းဧည့်သည်များတက်ရောက်ခဲ့ကြ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly