မန်ယူအနေဖြင့် မော်ရင်ဟိုအစား တင်ရှားဝုဒ်ကိုသာနည်းပြခန့်သင့်ဟု ပေါလ်ပါကားပြော

မန်ယူအနေဖြင့် မော်ရင်ဟိုအစား တင်ရှားဝုဒ်ကိုသာနည်းပြခန့်သင့်ဟု ပေါလ်ပါကားပြော

ဖေဖော်ဝါရီ ၁၇၊ မန်ချက်စတာ ။             ။ မန်ယူအသင်းအနေဖြင့် အိုးထရက်ဖို့ဒ်တွင်ကြုံနေရသော ပြဿနာများကိုဖြေရှင်းရန် မော်ရင်ဟိုကိုနည်းပြခန့်မည့်အစား တင်ရှားဝုဒ်ကိုသာ ခန့်အပ်သင့်သည်ဟု ကစားသမားဟောင်းပေါလ်ပါကားက ပြောဆိုလိုက်သည်။

စပါယ်ရှယ်ဝမ်းဟုလူသိများသည့် မော်ရင်ဟိုသည် လာမည့်နွေရာသီတွင် ဗန်ဟားလ်၏နေရာကိုတာဝန်ယူတော့မည်ဟု သတင်းများထွက်နေ ပြီး အချို့သတင်းများကဆိုလျှင် ယင်းထက်ပင်စောနိုင် သည်ဟု ဖော်ပြနေကြသည်။

မန်ယူအသင်း၏ဘောလုံးရာသီမှာ စနေနေ့တွင် ဆန်းဒါးလန်းကိုရှုံးပြီးနောက် ဆိုးရွားသောရာသီတစ်ခုထပ်ဖြစ်လာခဲ့သည်။ ၁၉၉၀ ခုနှစ်များက မန်ယူအသင်းတွင်ငါးနှစ်ကြာကစားခဲ့သော ပါကားက ရေတိုအတွက် တင်ရှားဝုဒ်ကပိုသင့်တော်သည်ဟု အခိုင်အမာပြောသည်။

ပါကားက "ယူနိုက်တက်က ဒီတစ်ပတ်မှာ အဆိုးကနေ အဆိုးဆုံးကိုရောက်သွားတယ်။ ပုံမှန်ပုံစံရဖို့နဲ့ ပရီးမီးယားလိဂ်ထိပ်သီးလေးသင်းဝင်ဖို့ မမြင်ဘူး။ မော်ရင်ဟိုကိုခေါ်တာက အဖြေတော့မဟုတ်ဘူး။
အကျပ်အတည်းကာလမှာရောက်လာပြီး သူကပြောင်းလဲပေးဖို့ဆိုတာ ယုတ္တိမရှိဘူး။ သူ့နည်းပြဘဝမှာလည်း ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပါဘူး။ ဒီမှာစတင်ဖို့အချိန်လည်း မဟုတ်ဘူး။

သူကပြိုင်ပွဲထဲမှာ လေးစားခံရမှုအတော်လေးပျောက်ဆုံးနေပြီး ယူနိုက်တက်ကိုသူတာဝန်ယူမှာကိုလည်း ကစားသမားတစ်ချို့မလိုလားဘူးလို့ ကျွန်တော်သံသယရှိတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် မပျော်ပိုက်တော့တဲ့ကစားသမားတွေအတွက် တင်ရှားဝုဒ်ကို အခုအချိန်ကနေ ရာသီကုန်ထိခေါ်ပေးလိုက်တာက ပိုကောင်းဦးမယ်။ သူက ကစားသမားတွေကို စိတ်ခံစားမှုပြန်ကောင်းအောင် သိမ်မွေ့တဲ့နည်းလမ်းနဲ့ကိုင်တွယ်နိုင်မယ့်သူပဲ။

ဒါပေမဲ့ တင်ရှားဝုဒ်လိုနည်းပြမျိုးက ရေရှည်အတွက်မသင့်တော်တာကတော့ ဝမ်းနည်းစရာပါပဲ။ ယူနိုက်တက်အနေနဲ့ ရေရှည်အတွက် မြန်နိုင်သမျှ မြန်မြန်စဉ်းစားရပါလိမ့်မယ်။ မဟုတ်ရင်တော့ သိပ်ကိုအန္တရာယ်များလွန်းပြီး လီဗာပူးလ်လက်သစ်အဖြစ် ကူးပြောင်းသွား လိမ့်မယ်"ဟု ယူရိုစပို့သတင်းဋ္ဌာနမှ ၎င်း၏ဆောင်းပါးကော်လံတွင် ရေးသားထားသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly