ဝူဟန်မြို့တွင် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ၏ တင်းကျပ်သော အစီအမံများကြောင့် အခက်ကြုံနေ

ဝူဟန်မြို့တွင် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ၏ တင်းကျပ်သော အစီအမံများကြောင့် အခက်ကြုံနေ

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ၏ တင်းကျပ်သော အစီအမံများကြောင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်၏ မူလဗဟိုချက် ဖြစ်သော ဝူဟန်မြို့တွင် မကြာသေးမီက ရောဂါလက္ခဏာမပြသော ရောဂါကူးစက်မှုအသစ် ၄ ခုကို တွေ့ရှိခဲ့ သဖြင့် ထပ်မံပိတ်ဆို့ကန့်သတ်လိုက်သည်။

ထို့ပြင် ကမ္ဘာ့ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုဆိုင်ရာ ပဏာမစုံစမ်းစစ်ဆေးမှုကို ကြီးကြပ်ပြီးနောက် ရာထူး တွင် ၅ နှစ်ကြာတာဝန် ထမ်းဆောင်ခဲ့သော တရုတ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ အကြီးအကဲ ဂျော့ဂါအိုးစ်လည်း ရာထူးမှ နုတ်ထွက်ခဲ့သည်။

ကွန်မြူနစ်တရုတ်နိုင်ငံသည် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို စွန့်လွှတ်ရန် ငြင်းဆန်နေဆဲဖြစ်သည်။

ဝူဟန်မြို့ ကျန်းရှားခရိုင်ကို ကနဦးတွင် ၃ ရက်ကြာ ပိတ်ဆို့ကန့်သတ်ထားခြင်းသည် ရောဂါကူးစက်မှုအသစ်များ ဆက် လက်ဖြစ်ပွားပါက သက်တမ်းတိုးမည့်အန္တရယ်ရှိနေသည်။

အားလုံးနီးပါး ပိတ်ထားမှုကြောင့် လူတစ်သန်းနီးပါးသည် နေအိမ်များမှ အပြင်သို့ ထွက်ခွင့်မရကြပေ။

ရုံးခန်းများ၊ ဖျော်ဖြေရေးနေရာများ၊ ဆေးခန်းများ၊ စိုက်ပျိုးရေးထွက်ကုန်ဈေးကွက်များ၊ စားသောက်ဆိုင်များကို ပိတ်ပင်ထားသည်။

ဝတ်ပြုရာနေရာများအားလုံး တံခါးများကို သော့ခတ်ထားပြီး ခရီးသွားများ သွားလာမှု ရပ်တန့်သွားခဲ့သည်။

ဘတ်စ်ကားများမှသည် မြေအောက်ရထားအထိ အများပြည်သူသယ်ယူပို့ဆောင်ရေး အားလုံးကို ရပ်ဆိုင်း ထားပြီး ဒေသခံများကို မလိုအပ်ဘဲ ခရိုင်မှ ထွက်ခွာခြင်းမပြုရန် တိုက်တွန်းထားသည်။

နောက်ထပ် ရပ်ကွက် ၄ ခုကို အလယ်အလတ် အန္တရာယ်ရှိသောနေရာအဖြစ် သတ်မှတ်ထားသဖြင့် နေထိုင်သူ များသည် အိမ်ရာဝန်းများမှ ထွက်ခွာခွင့်မရှိတော့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly