တရုတ်ခြိမ်းခြောက်မှုအန္တရာယ်ကို ပုံကြီးမချဲ့ရန် ဗြိတိန်နိုင်ငံရေးသမားများကို တရုတ် သတိပေး

တရုတ်ခြိမ်းခြောက်မှုအန္တရာယ်ကို ပုံကြီးမချဲ့ရန် ဗြိတိန်နိုင်ငံရေးသမားများကို တရုတ် သတိပေး

ဗြိတိန်တွင် ဝန်ကြီးချုပ်ရွေးချယ်တင်မြှောက်ရန် ပြင်ဆင်နေချိန်တွင် နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရပ်စ်က တရုတ်ကုမ္ပဏီများကို ဖိနှိပ်ရန် တောင်းဆိုခဲ့ရာ ဗြိတိန် နိုင်ငံရေးသမားများအနေဖြင့် တရုတ်နိုင်ငံနှင့် ပတ်သက်၍ တာဝန်မဲ့သည့် မှတ်ချက်များမပြုရန် တရုတ်သတိပေးလိုက်သည်။

" တရုတ်အစိုးရရဲ့ ရပ်တည်ချက်ကို မနေ့ကပဲ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ တရုတ်တဲ့ ပတ် သက်တဲ့ သူတို့ရဲ့ထုတ်ပြန်ချက်တွေကို စိတ်မကောင်းစွာနဲ့ ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်။ ဗြိတိန်ရဲ့ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ရွေးကောက်ပွဲက ဗြိတိန်ရဲ့ ပြည်တွင်းရေး ကိစ္စပါ။ အဲဒါကို မှတ်ချက်ပေးမှာ မဟုတ်ဘူး။ အဲဒါကို ကျွန်တော်တို့ စိတ်မဝင်စားပါဘူး" တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက ဇူလိုင် ၂၆ရက်တွင် ပြောကြားခဲ့သည်။

 ဗြိတိန်က တရုတ်သို့ နည်းပညာ တင်ပို့မှုများကို ကန့်သတ်ရန်နှင့် TikTok ကဲ့သို့သော ကုမ္ပဏီများကို နှိမ်နင်းရမည်ဟု လစ်ဇ်ထရပ်စ်က ပြောကြားပြီးနောက် ယင်းတုံ့ပြန်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

“တရုတ်ခြိမ်းခြောက်မှုလို့ ခေါ်တဲ့ ကိစ္စကို ပုံကြီးချဲ့ခြင်းအပါအဝင် တရုတ်နဲ့ ပတ်သက်ပြီး တာဝန်မဲ့ မှတ်ချက် ချတာက အဲဒီလူတွေက ကိုယ့်ပြည်တွင်းပြဿနာကို ကိုယ်တိုင် မဖြေရှင်းနိုင်ဘူးလို့ ကျွန်တော်ကတော့   ရှင်းရှင်းပဲ ပြောလိုပါတယ်” ဟု တရုတ်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ဗြိတိန်ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ် ဘောရစ်ဂျွန်ဆင်နေရာတွင် အစားထိုးရန် ယှဉ်ပြိုင်မှုတွင် တရုတ်ကို အကြိမ်ကြိမ် ပြစ်တင်ရှုတ်ချခဲ့သည့်အတွက် ကျောက်က ယင်းမှတ်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရပ်စ်နှင့် ရီရှီ စူနတ်ခ်တို့ နှစ်ဦးစလုံးသည် တရုတ်ကို တင်းတင်းမာမာ ဆန့်ကျင်ကြသူများ ဖြစ်သည်။ 

"တရုတ်နဲ့ တရုတ်ကွန်မြူနစ်ပါတီက ဗြိတိန်နဲ့ ဒီရာစုနှစ်အတွင်း ကမ္ဘာ့လုံခြုံရေးနဲ့ သာယာဝပြောရေးကို အကြီးမားဆုံး ခြိမ်းခြောက်နေပါတယ်" ဟု ဝန်ကြီးချုပ်နေရာအတွက် ယှဉ်ပြိုင်နေသူ ဗြိတိန်ဘဏ္ဍာရေး ဝန်ကြီးဟောင်း စူနတ်ခ်က ဇူလိုင်လ ၂၅ရက်တွင် Twitter တွင် ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required