ချန်ပီယံလိဂ် ကွာတားတက်ရန် အခွင့်ရေးရှိနေဆဲဟု ဟစ်ဒင့်ပြော

ချန်ပီယံလိဂ် ကွာတားတက်ရန် အခွင့်ရေးရှိနေဆဲဟု ဟစ်ဒင့်ပြော

ဖေဖော်ဝါရီ ၁၇၊ လန်ဒန် ။              ။ ပီအက်စ်ဂျီအသင်းကို ရှုံးခဲ့သော်လည်း ချယ်လ်ဆီးအသင်းအနေဖြင့် ချန်ပီယံလိဂ်ကွာတားအဆင့်သို့ တက်ရောက်နိုင်ချေရှိနေဆဲဖြစ်သည်ဟု ချယ်လ်ဆီးနည်းပြ ဟစ်ဒင့်ကပြောသည်။

ချယ်လ်ဆီးအသင်းအတွက် မီခေးက အဖိုးတန်အဝေးဂိုးသွင်းပေးခဲ့ပြီး နည်းပြဟစ်ဒင့်က ကစားသမားများကိုချီးကျူးခဲ့ကာ အိမ်ကွင်းတွင် နောက်တစ်ဆင့်တက်ရန် လုံလောက်သော စွမ်းဆောင်ရည်ပြနိုင် မည်ဟု ယုံကြည်နေသည်။

ပီအက်စ်ဂျီအသင်းမှာ လူစားဝင်တိုက်စစ်မှူးကာဗာနီ၏ အဖိုးတန်ဂိုးဖြင့် ပထမအကျော့တွင် ချယ်လ်ဆီးကို အိမ်ကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ ခြင်းဖြစ်သည်။ ပီအက်စ်ဂျီအတွက်အဖွင့်ဂိုးကို တိုက်စစ်မှူး အီဘရာဟီမိုဗစ်က သွင်းယူခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးနည်းပြဟစ်ဒင့်က "ပွဲပြီးသွားချိန်မှာ နာကျင်ရပေမယ့် ကျွန်တော်တို့ပြိုင်ပွဲလမ်းကြောင်းပေါ်ဆက်ရှိနေပါသေးတယ်။ နှစ်ကျော့စနစ် မှာ အဝေးဂိုးတစ်ဂိုးက သိပ်အရေးပါတယ်။
တကယ်လို့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ လုပ်နိုင်ခဲ့မယ်ဆိုရင် ဒီရှုံးပွဲကိုချေဖျက်နိုင်မယ်။ ရှုံးပွဲကြုံရတာက ကောင်းတဲ့ခံစားချက်မျိုးဘယ်တော့မှ မဟုတ်ပေမယ့် ဒါက နှစ်ကျော့ကစားရတဲ့ပြိုင်ပွဲပါ။ အဝေးဂိုးသွင်းနိုင်တာကောင်းတယ်" ဟု ပြောသည်။

ဆက်လက်၍ ဟစ်ဒင့်က အခွင့်အရေး ၅၀-၅၀ စီရှိနေဆဲဖြစ်ကြောင်း၊ ဒုတိယအကျော့အတွက်ပြင်ဆင်ချိန် ရက်သတ္တပတ်အနည်းငယ်ရ ကြောင်းနှင့် ဒုတိယအကျော့အတွက် လူတိုင်းအခွင့်အရေးရှိနေကြောင်း ဆိုသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly