တရုတ်သင်ကြားရေးကျောင်း ၂ ကျောင်းက နှစ်ဆလျှော့ချရေးမူဝါဒကို ချိုးဖောက်

တရုတ်သင်ကြားရေးကျောင်း ၂ ကျောင်းက နှစ်ဆလျှော့ချရေးမူဝါဒကို ချိုးဖောက်

တရုတ်သမ္မတ ရှီကျင့်ဖျင်က ‘နှစ်ဆလျှော့ချရေးမူဝါဒ’ ကို မြှင့်တင်ရန် ကြိုးစားနေသော်လည်း ပေကျင်းရှိ သင်ကြားရေးကျောင်း ၂ ကျောင်းက မူကြိုကလေးများကို ကျောင်းသင်ခန်းစာများအား သီးသန့် သင်ကြား ပေးခြင်းဖြင့် မူဝါဒကို ချိုးဖောက်ခဲ့သည်။

တရုတ်အသံထွက်စာလုံးပေါင်းခြင်း ၊ ရေးသားခြင်း၊ သင်္ချာနှင့်တွက်ချက်ခြင်းနှင့် မူကြိုကလေးများအတွက် အင်္ဂလိပ်စာအပါအဝင် ပညာရပ်ဘာသာရပ်များ လေ့ကျင့်ပေးခြင်းဖြင့် ဆက်စပ်မူဝါဒများနှင့် စည်းမျဉ်းများကို ချိုးဖောက်ခဲ့ကြောင်း နှစ်ဆလျှော့ချရေးမူဝါဒဆိုင်ရာ မြို့တော်၏ အထူးတာဝန်အဖွဲ့မှ သတိပေးချက် ထုတ်ပြန်ခဲ့သည်ဟု Global Times သတင်းတွင် ဖော်ပြထားသည်။ 

အဆိုပါသင်တန်းကျောင်း ၂ခုအား သင်ကြားမှုရပ်ဆိုင်းရန်နှင့် ကျူရှင်ခများပြန်အမ်းပေးရန် ညွှန်ကြားထားသည်။

 သင်ကြားရေးကျောင်းများ၏ တရားမဝင်လုပ်ဆောင်မှုဆိုင်ရာ သက်ဆိုင်ရာ စာရွက်စာတမ်းများနှင့် အထောက် အထားများကို ဆက်လက်စုံစမ်းစစ်ဆေးရန်နှင့် ပြစ်ဒဏ်ပေးရန် ရဲတပ်ဖွဲ့ဌာနများသို့ လွှဲပြောင်းပေးမည် ဖြစ် ကြောင်း Global Times က ဖော်ပြသည်။

ပညာရေးဝန်ကြီးဌာနက ‘နှစ်ဆလျှော့ချရေး’ မူဝါဒ အကောင်အထည်ဖော်ရေး အားကောင်းလာစေရန် တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် လှုပ်ရှားမှုတစ်ရပ်ကို ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၃၀ ရက်အထိ လုပ်ဆောင်ခဲ့သည်။
 
တရုတ်အစိုးရသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် နှစ်ဆလျှော့ချရေးမူဝါဒကို ထုတ်ပြန်ခဲ့သည်။ ကျောင်းသားများ၏ အိမ်စာပမာဏကို လျှော့ချရန်နှင့် ကျောင်းပြင်ပသင်ကြားမှုများကိုတားမြစ်ရန် ရည်ရွယ်သည် ဆိုသော်လည်း တရုတ်ပုဂ္ဂလိကသင်ကြားရေးနယ်ပယ်တွင် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံ ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကာ မိဘနှင့်ဆရာ၊ ဆရာမ သန်းပေါင်းများစွာအပေါ် သက်ရောက်မှုရှိခဲ့သည်။ 

 သင်ကြားရေးစင်တာများကို ပိတ်ခြင်းသည် ကျောင်းသားကျောင်းသူများအတွက် ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်မည်မဟုတ်သော်လည်း တရုတ်နိုင်ငံရှိ ပညာရေးစနစ်တစ်ခုလုံးကို ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ဟု အခွင့်အရေးနှင့်လုံခြုံရေးဆိုင်ရာနိုင်ငံတကာဖိုရမ် (IFFRAS)  ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required