တရုတ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီဥက္ကဋ္ဌရာထူးကို ဩဂုတ်လအတွက် တာဝန်ယူမည် 

တရုတ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီဥက္ကဋ္ဌရာထူးကို ဩဂုတ်လအတွက် တာဝန်ယူမည် 

တရုတ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC)  ဥက္ကဋ္ဌရာထူးကို ဩဂုတ်လအတွက်   တာဝန်ယူမည် ဖြစ်သည်။

 အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံအမည်အင်္ဂလိပ်အက္ခရာစဉ်အတိုင်း ကောင်စီ၏ ဥက္ကဋ္ဌရာထူးကို အဖွဲ့ဝင် တစ်နိုင်ငံစီက တစ်လကြာထမ်းဆောင်ရသည်။

လုံခြုံရေးကောင်စီသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် အဓိကတာဝန်ရှိသည်။

 အဖွဲ့ဝင် ၁၅နိုင်ငံရှိပြီး အဖွဲ့ဝင်တစ်နိုင်ငံစီက ဆန္ဒမဲတစ်မဲပေးနိုင်သည်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်းအရ အဖွဲ့ဝင်နိုင်ငံအားလုံးသည် ကောင်စီ၏ ဆုံးဖြတ်ချက်များကို လိုက်နာရန် တာဝန်ရှိသည်။

လုံခြုံရေးကောင်စီသည် ငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်မှု သို့မဟုတ် ရန်လိုမှုလုပ်ရပ်ကို ဆုံးဖြတ်ရာတွင် ဦးဆောင်နေသည်။

အငြင်းပွားမှုတစ်ခုအား ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် ညှိနှိုင်းမှုနည်းလမ်းများ သို့မဟုတ် ဖြေရှင်း နည်းများကို အကြံပြုထားသည်။

အချို့သောကိစ္စများတွင် လုံခြုံရေးကောင်စီသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို စောင့်ရှောက်ရန် သို့မဟုတ် ပြန်လည်ထိန်းသိမ်းရန် ပိတ်ဆို့မှုများနှင့် အင်အားအသုံးပြုခြင်းကိုပင် ခွင့်ပြုနိုင်သည်။

 ကောင်စီတွင် အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်ရာတွင် အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံမှာ  တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန်နှင့် အထွေထွေညီလာခံမှ နှစ်နှစ်သက်တမ်းအတွက် ရွေးချယ်ထားသော အမြဲတမ်းအဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်သည်။

 ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၅၀ ကျော်သည် လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင်များမဖြစ်ခဲ့ဖူးပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly