တရုတ်က ဟိုင်နန်၏ ငွေကြေးပြဿနာများကို ရှင်းလင်းရန် ကြွေးဆုံးချေးငွေကျွမ်းကျင်သူ ခန့်အပ်

တရုတ်က ဟိုင်နန်၏ ငွေကြေးပြဿနာများကို ရှင်းလင်းရန် ကြွေးဆုံးချေးငွေကျွမ်းကျင်သူ ခန့်အပ်

တရုတ်နိုင်ငံတွင်  ၁၀ စုနှစ်တစ်ခုလျှင် ၂ကြိမ်သာ ကျင်းပသော ခေါင်းဆောင်မှုညီလာခံမတိုင်မီတွင် တရုတ်အစိုး ရက ဟိုင်နန်၏ ဘဏ်လုပ်ငန်းနှင့် အိမ်ခြံမြေဈေးကွက်အရှုပ်အထွေးများကို ဖြေရှင်းရန် ကြွေးဆုံးပြဿနာ  ကျွမ်းကျင်သူကို ခန့်အပ်လိုက်သည်။

 ဟိုင်နန်ဒေသဆိုင်ရာ အာဏာပိုင်များက ကြွေးဆုံးချေးငွေ မန်နေဂျာနှင့် အိမ်ခြံမြေဈေးကွက်အရှုပ်အထွေးများကို ဖြေရှင်းရန် နိုင်ငံပိုင် အိမ်ခြံမြေလုပ်ငန်းဖော်ဆောင်သူအား ခန့်အပ် ထားကြောင်း အိုင်ရစ် အူးရမ်က The Star သတင်းစာတွင် ရေးသားခဲ့သည်။

 ဟိုင်နန်အက်ဆက်စီမံခန့်ခွဲရေးကုမ္ပဏီနှင့် ကျန်းကျိုးအိမ်ခြံမြေအုပ်စုမှ တည်ထောင်ထားသည့် လုပ်ငန်းအဖွဲ့ သည် ငွေကြေးလိုအပ်ချက်ကြီးမားနေသော အိမ်ခြံမြေလုပ်ငန်းဖော်ဆောင်သည့်ကုမ္ပဏီများအား ငွေကြေးမပြေ လည်မှုများကို ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်း အက်ဆက်စီမံခန့်ခွဲရေးကုမ္ပဏီ၏ ဝဘ်ဆိုက်တွင် တင်ထား သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 ယင်းအဖွဲ့သည် ရပ်တန့်နေသော စီမံကိန်းများကို ပြန်လည်အသက်သွင်းရန်၊ ပိုင်ဆိုင်မှုရောင်းချခြင်းနှင့် ပြန် လည်တည်ဆောက်ခြင်းလုပ်ငန်းများကို ပြီးမြောက်စေရန်နှင့် စာချုပ်ချုပ်ဆိုထားသော ဝယ်သူများထံသို့ နေအိမ် များ ချောချောမွေ့မွေ့ လွှဲပြောင်းပေးနိုင်စေရန် ရည်မှန်းထားကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

 Henan AMC ကို တရုတ်နိုင်ငံအလယ်ပိုင်းရှိ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးဖြစ်သည့် ဟိုင်နန်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းကြီးက ၄၀ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

 ယင်းပါဝင်ပတ်သက်မှုက နိုင်ငံတစ်ဝန်းပျံ့နှံ့နေပြီး တဖြည်းဖြည်းကျဆင်းနေသော ဘဏ်လုပ်ငန်းနှင့် အိမ်ခြံမြေ အကျပ်အတည်းကို ဖြေရှင်းရန် ဝန်ကြီးချုပ်လီခါ့ချင်၏ ညွှန်ကြားချက်များကို ဒေသအာဏာပိုင်များက မည်သို့တုံ့ပြန်နေသည်ကို အလေးပေးဖော်ပြသည်ဟု The Star က ဖော်ပြသည်။
 
Great Wall AMC သည် တရုတ်စိုက်ပျိုးရးဘဏ်၏ ကြွေးဆုံးစာရင်းများကို ရှင်းလင်းနေပြီး China Orient AMC သည် Bank of China နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly