တရုတ်တွင် စီးပွားရေးနှေးကွေးခြင်းအပြင် အိမ်ခြံမြေအကျပ်အတည်းနှင့်ပါရင်ဆိုင်နေရ

တရုတ်တွင် စီးပွားရေးနှေးကွေးခြင်းအပြင် အိမ်ခြံမြေအကျပ်အတည်းနှင့်ပါရင်ဆိုင်နေရ

တရုတ်နိုင်ငံသား အများအပြားသည် ၎င်းတို့၏ နေအိမ်အဆောက်အအုံများကို အချိန်မီ လက်ဝယ်မရရှိခြင်း ကြောင့် ငွေပေးသွင်းနေရခြင်းကို သပိတ်မှောက်နေချိန်တွင် နိုင်ငံ၏ စီးပွားရေးနှေးကွေးမှု၊ အိမ်ခြံမြေ အကျပ်အတည်းတို့နှင့်ပါ ရင်ဆိုင်နေရသည်။

'ကိုဗစ်လုံးဝကင်းစင်ရေး' မူဝါဒ၏ သက်ရောက်မှုကို ထင်ဟပ်စေသည့် တရားဝင်အချက်အလက်များအရ ၂၀၂၂ခုနှစ် ဒုတိယသုံးလပတ်တွင် စီးပွားရေးတိုးတက်မှုသည်  သိသိသာသာ ကျဆင်းသွားသည်ဟု အမေရိကန် အခြေစိုက် Financial Post က ဆိုသည်။

'ကိုဗစ်လုံးဝကင်းစင်ရေး' မူဝါဒသည် အဓိက စင်တာများတွင် အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပိတ်ဆို့ ကန့်သတ်မှုများကြောင့် စီးပွားရေးလုပ်ငန်းများအပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုများ ရှိခဲ့သည်။

ဝယ်လိုအား ကျဆင်းခြင်းနှင့် ထုတ်လုပ်တင်ပို့သည့် လုပ်ငန်းစဉ် ပြတ်တောက်မှုကို အလေးထားဖော်ပြကာ ပြည်တွင်းတွင် ကပ်ရောဂါ၏အကျိုးသက်ရောက်မှုသည် ဆက်ရှိနေဆဲဖြစ်ကြောင်း စာရင်းအင်းဗျူရိုက အစီရင်ခံတင်ပြခဲ့သည်။

ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ဧပြီလမှ ဇွန်လအတွင်း အထွက်နှုန်း ၂ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်း သွားကြောင်း စာရင်းအင်းဗျူရို၏ ၂၀၂၁ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်သော အချက်အလက်များက ဖော်ပြ နေသည်။

နှစ်အလိုက်နှိုင်းယှဉ်ပါက စီးပွားရေးသည် ဒုတိယသုံးလပတ်တွင် ဝ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု အမေရိကန်အခြေစိုက် Financial Post က ဆိုသည်။

လူငယ်အလုပ်လက်မဲ့ဦးရေသည် ၁၉ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း စာရင်းအင်းဗျူရိုက ဖော်ပြခဲ့ သည်။

အိမ်ခြံမြေဈေးကွက်သည် နက်ရှိုင်းစွာ ကျဆင်းနေသည်။ အိမ်ဝယ်သူများသည် မပြီးသေးသောအိမ်များအတွက် စိုးရိမ်မှုကြောင့် ငွေသွင်းမှုများကို ရပ်ဆိုင်းထားကြောင်းလည်း သတင်းများတွင် ဖော်ပြသည်။

မြို့ကြီး ၈၆ မြို့ မှ အိမ်ပိုင်ရှင် ၂၃၀ ကျော်သည် ကြိုတင်ရောင်းချသည့် မပြီးသေးသော အိမ်ခန်းများအတွက် တည်ဆောက်ရေးပြန်လည်မစတင်ပါက ငွေပေးသွင်းရန် ငြင်းဆိုခဲ့ကြောင်း Github မှ ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required