သားရေများကို ဈေးနှုန်းချိုသာစွာဖြင့် တရုတ်သို့ တင်ပို့ရန် ဘင်္ဂလားဒေ့ရှ်ကုန်သည်များ ဖိအားပေးခံရ

သားရေများကို ဈေးနှုန်းချိုသာစွာဖြင့် တရုတ်သို့ တင်ပို့ရန် ဘင်္ဂလားဒေ့ရှ်ကုန်သည်များ ဖိအားပေးခံရ

တရုတ်သို့ သားရေများကို ဈေးနှုန်းချိုသာစွာ ကုန်သည်များအား တင်ပို့ခိုင်းခြင်းကြောင့် သားရေအရည်အသွေး ကောင်းမွန်သော်လည်း ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာ့ဈေးကွက်တွင် နောက်ကျကျန်ရစ်နေသည်။

စည်းကမ်းသတ်မှတ်ချက်များအရ သားရေရောင်းချသူများသည် ဘင်္ဂလားဒေ့ရှ်၏ တစ်ခုတည်းသော အဖွဲ့ အစည်းဖြစ်ပြီး သက်သေခံထောက်ခံပေးနိုင်သည့် သားရေလုပ်ငန်းအဖွဲ့ (LWG) ၏ အသိအမှတ်ပြု လက်မှတ်ကို ရရှိထားရမည်ဖြစ်သည်။

ယင်းအခွင့်အရေးကို အသုံးပြု၍ တရုတ်ကုမ္ပဏီများက သားရေကို သက်သာသောဈေးနှုန်းဖြင့်  ဝယ်ယူကြသည်။ တရုတ်က ယင်းလက်မှတ်ကို အလေးထားခြင်းမရှိကြောင်း ဘင်္ဂလားဒေ့ရှ် Livenews တွင် ဖော်ပြထားသည်။

အသေးစိတ်အချက်အလက်များကို မပေးနိုင်သော်လည်း ဘင်္ဂလားဒေ့ရှ်မှ သားရေနှင့် သားရေထုတ်ကုန်များ၏ ၇၀ ရာခိုင်နှုန်းခန့်ကို တင်ပို့နေကြောင်း ဘင်္ဂလားဒေ့ရှ်သားရေနယ်လုပ်ငန်းအစည်းအရုံး(BTA)က ပြောကြားခဲ့သည်။

ပြည်ပတင်ပို့မှု၏ ထက်ဝက်ကို တရုတ်သို့ ရောင်းချနေပြီး ကျန် ၃၀ ရာခိုင်နှုန်းကို ပြည်တွင်းစက်မှုလုပ်ငန်းတွင် အသုံးပြုနေသည်။

BTA ၏ အချက်အလက်များအရ တင်ပို့နိုင်သော သားရေများကို ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်နှင့် ဥရောပသုံးနိုင်ငံဖြစ်သည့် အင်္ဂလန်၊ အီတလီနှင့် ပေါ်တူဂီတို့က အများဆုံး တင်ပို့နေသည်။ ထို့ပြင် အချို့သော သားရေများကို အမေရိကနိုင်ငံအချို့တွင် ရောင်းချနေသည်။

အဆိုပါနိုင်ငံများမှ တင်ပို့သော သားရေ ပမာဏသည် ဘင်္ဂလားဒေ့ရှ်က တရုတ်သို့ တင်ပို့နေသည့် သားရေ ပမာဏနှင့် ညီမျှသည် သို့မဟုတ် အနည်းငယ်ပိုသော်လည်း ယင်းနိုင်ငံများ၏ ထက်ဝက်ထက်နည်းသော ဈေးနှုန်းဖြင့် တရုတ်သို့ တင်ပို့နေရသည်ဟု ဘင်္ဂလားဒေ့ရှ် Livenews တွင် ဖော်ပြထားသည်။

ရလဒ်အနေဖြင့် ကမ္ဘာ့ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာသော်လည်း တရုတ်မှ ထွက်ရှိသည့် သားရေတစ်ဝက်ကို အလွန်သက်သာသော ဈေးနှုန်းဖြင့် မှာယူလျက်ရှိသည်။

LWG လက်မှတ်မရှိခြင်းကြောင့် ပြည်ပတင်ပို့သူအများစုသည် နိုင်ငံတကာဈေးကွက်တွင် သားရေဈေးနှုန်းများ မြင့်တက်နေခြင်းကို အခွင့်ကောင်းမရနိုင်ကြပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly