နိုင်ငံများရှိသည့် ကမ္ဘာပေါ်တွင် နိုင်ငံမဲ့ဖြစ်နေရသည့် အဝေးရောက်တိဗက်တစ်ဦး

နိုင်ငံများရှိသည့် ကမ္ဘာပေါ်တွင် နိုင်ငံမဲ့ဖြစ်နေရသည့် အဝေးရောက်တိဗက်တစ်ဦး

အိန္ဒိယနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သူ တန်ဇင်ဂျမ်ပါသည် တိဗက်လူမျိုးကျောင်းသားတစ်ဦးဖြစ်သည်။

သူသည် ယခုအခါ အမေရိကန်နိုင်ငံရှိ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် MIT တွင် ဘွဲ့ရရှိရန် ကျောင်းတက်နေသူတစ်ဦးဖြစ်ပြီး သူက နိုင်ငံများရှိနေသည့် ကမ္ဘာပေါ်တွင် နိုင်ငံမဲ့နေသူတစ်ဦး ဖြစ်ရခြင်းအပေါ် ခံစားချက်ကို ထုတ်ဖော်ပြောကြားလာသည်။

“စပြီး တွေ့ဆုံရမယ့်အခြေအနေကို ကျွန်တော် စိုးရွံ့မိပါတယ်။ မင်းဘယ်နိုင်ငံကလည်းလို့ အမေးခံရတတ်လို့ပါ” ဟု ဂျမ်ပါက ပြောကြားသည်။

သူသည် အိန္ဒိယတွင် နေထိုင်သည့် တိဗက်ဒုက္ခသည်တစ်ဦးဖြစ်ကြောင်း ပြန်လည်ဖြေဆိုရသည့်အခါမျိုးတွင် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း တိဗက်အခွင့်အရေးအဖွဲ့ (TRC) သို့ ပြောကြားသည်။

“ဒီလိုဆိုတော့ ခင်ဗျားက တိဗက်ကလာတာပေါ့” လို့မေးသည့်အခါ “မဟုတ်ဘူး။ ကျွန်တော်က အိန္ဒိယမှာမွေးတယ်။ ကျွန်တော့် မိဘတွေကတော့ သူတို့ ဆယ်ကျော်သက်အရွယ်ကတည်းက တိဗက်ကနေ ထွက်ပြေးလာရတယ်”။ “ဒါဆိုခင်ဗျားက အိန္ဒိယနိုင်ငံသားလား” ။ “မဟုတ်ပါဘူး။ ကျွန်တော်က နိုင်ငံမဲ့တစ်ယောက်ပါ” ဟု သူ့အနေဖြင့် ပြန်လည်ဖြေဆိုခဲ့ရမှုများရှိကြောင်း ဂျမ်ပါက ပြောကြားသည်။

နိုင်ငံနှင့်ဒေသများရှိသည့် ကမ္ဘာတွင် တိဗက်သည် ၂၁ ရာစုတွင် နိုင်ငံမဲ့ဖြစ်နေခြင်း၏ ထင်ရှားသော ပြယုဂ်တစ်ခု ဖြစ်နေသည်။

ယင်းကဲ့သို့သော မေးခွန်းများကို ရှောင်ရှားရခြင်းကို ကြောက်လန့်ခြင်းမဟုတ်ဘဲ ‘ဘယ်နိုင်ငံလာသလဲ’ဆိုသည့် မေးခွန်းအတွက် ခိုင်မာသည့်အဖြေပေးနိုင်မည်မဟုတ်ကြောင်းကိုသာ စိတ်ထဲတွင် ပေါ်လာခြင်းကို ကြောက်ရွံ့ခြင်း ဖြစ်သည်ဟု ဂျမ်ပါက ပြောသည်။

တစ်ဦးတစ်ယောက်၏ နိုင်ငံသားအမှတ်အသားဆိုသည်မှာ အဘယ်နည်း။ မည်သည့်နိုင်ငံသားဟု အထောက်အထားမပြနိုင်သည့်အခါ မည်သို့ ခံစားရနိုင်မည်နည်း။

တစ်စုံတစ်ဦးသည် မိမိတို့ကိုယ်ကို အမေရိကန်၊ အိန္ဒိယ၊ တရုတ်နိုင်ငံသားများဟု ခေါ်ဝေါ်သတ်မှတ်ကြသည်။

ဂျမ်ပါက သူ့ကိုယ်သူ တိဗက်တစ်ခုဟုခေါ်သည့်အခါ တိဗက်ကို နိုင်ငံတစ်ခုဟု သတ်မှတ်မထားတော့ဟု မေးခွန်းတစ်ခုထွက်ပေါ်လာသည်။

‌အမေရိကန်နိုင်ငံသားများတွင် အမေရိကန်နိုင်ငံရှိသည်။ ဗြိတိန်နိုင်ငံသားများတွင် ဗြိတိန်နို်ငငံရှိသလို အိန္ဒိယသည်လည်း အလားတူဖြစ်သည်။ သို့သော် တိဗက်တို့အတွက် ပြောစရာသာရှိပြီး ကြွယ်ဝချမ်းသာ လွတ်လပ်သည့် အတိတ်သာရှိခဲ့ကြောင်း ဂျမ်ပါက ပြောသည်။

‌“ကျွန်တော် ဝမ်းနည်းကြေကွဲရတယ်။ မဖော်ပြပေမယ့် စိတ်မကောင်းဖြစ်ရတယ်။ ကျွန်တော် ငိုကြွေးတာကို မျက်လုံးတွေမှာပဲ လုပ်နိုင်တယ်။ ရင်ထဲမှာ ကြေကွဲရတယ်။ ဒီခံစားချက်ကို ကြုံတွေ့နေရတယ်။ ဒါဟာ ကျွန်တော့်ရဲ့ နာကျင်မှု၊ ကျွန်တော်တို့လို တိဗက်တွေခံစားရတဲ့ နာကျင်မှုပဲ ဖြစ်တယ်” ဟုလည်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly