တရုတ်မှ ခိုးသွင်းလာသည့် ခလုတ်ဓားများကို ဒေလီမြို့တွင် ဖမ်းမိ

တရုတ်မှ ခိုးသွင်းလာသည့် ခလုတ်ဓားများကို ဒေလီမြို့တွင် ဖမ်းမိ

တရုတ်မှ ခိုးသွင်းလာသည့် ကိုင်ဆောင်ခွင့်တားမြစ်ထားသော ခလုတ်ဓားများကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ရဲများက ဖမ်းမိလိုက်သည်။

မိုဟာမက်ဆာဟေး၊ ဝါဆင်၊ မိုဟာမက်ယူဆွတ်၊ အာရှစ်ချော်လာနှင့် မေယန်ဘာဘာတို့ကို ခလုတ်ဓား ၁၄၀၅၃ ချောင်း တရားမဝင် တင်သွင်းမှုဖြင့် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ယင်းအမှုကို ချစ်တာရန်ဂျန်ပါ့ခ်ရဲစခန်းတွင် လက်နက်အက်ဥဒေဖြင့် အမှုဖွင့်ထားသည်။

‌ဖမ်းဆီးခံရသူများအနက်မှ တစ်ဦးဖြစ်သူ မိုဟာမက်ဆာဟေးက သူ၏ ကုမ္ပဏီဖြစ်သည့် ‘My Style’ က အဆိုပါဓားများကို အွန်လိုင်းမှ ရောင်းချနို်ငရန် အွန်လိုင်းဈေးရောင်းချသည့် အက်ပလီကေးရှင်းတွင် မှတ်ပုံတင် ထားပြီးဖြစ်ကြောင်း ပြောကြားသည်။

မိုဟာမက် ယူဆွတ်က သူ့အတွက် အလုပ်လုပ်ပေးပြီး ဓားများကို ဆာဒါဘဇားမှ မယ်ဝီယာနာဂါသို့ ပို့ပေးခဲ့ကြောင်းလည်း မိုဟာမက်ဆာဟေးက ပြောကြားသည်။ထို့နောက်မိုဟာမက် ယူဆွတ်ကလည်း ဓားများကို အာရှစ်ချော်လာထံမှ ဝယ်ကြောင်း ၎င်းက တရုတ်မှ မှာယူကာ ရောင်းချသူများထံသို့ ပို့ပေးပြီး ငွေပေးချေမှုကို တရုတ်တွင် ရုံးဖွင့်ထားသည့် K2M Importer & Exporters ကုမ္ပဏီပိုင်ရှင် မေယန့်ဘာဘာခေါ် မစ်ကီထံမှ တစ်ဆင့် ပြုလုပ်ကြောင်း ပြောကြားသည်။

‌အဆိုပါ ဓားများကို အခြားရောင်းကုန်ပစ္စည်းများနှင့်အတူ ကွန်တိန်နာများတွင် ထည့်ကာ အိန္ဒိယသို့ ပေးပို့ကြောင်း ထွက်ဆိုခဲ့ကြသည်။

လက်ရှိအချိန်ထိ စုံစမ်းတွေ့ရှိရသမျှ Flipkart ကဲ့သို့ အွန်လိုင်းဈေးကွက်များသည် အလားတူ တရားမဝင်ပစ္စည်းများကို ရောင်းချကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ လက်နက်ဥပဒေအရ အသွားအရှည် ၉ လက်မ၊ ဗျက် ၂ လက်မရှိသော ဓားများကို အိမ်တွင်းသုံး၊ စို်ကပျိုးရေး၊ သိပ္ပံလက်တွေ့ လုပ်ဆောင်မှု၊ စက်မှုလုပ်ငန်း သို့မဟုတ် စတီးတုတ်တံများအတွက် အသုံးပြုခြင်းမှလွဲ၍ လက်ခံခြင်း၊ ကိုင်ဆောင်ခြင်း၊ ရောင်းချခြင်းနှင့် အသုံးပြုခြင်းတို့ကို တားမြစ်ဟန့်တားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly