မုံရွာပင်မသပိတ် ဦးဆောင်ပြီး လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ပြုလုပ်

မုံရွာပင်မသပိတ် ဦးဆောင်ပြီး လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ပြုလုပ်

ဇူလိုင်လ ၃၁ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းတစ်နေရာ၌ တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်ချီတက်ကြ ရန် ရည်သန်ပြီး လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲကို ဇူလိုင်လ ၃၁ ရက်နေ့က မုံရွာပင်မသပိတ်မှ ဦးဆောင်ပြုလုပ်ခဲ့ သည်။

“အကြမ်းဖက်စစ်အုပ်စု ပျက်သုဉ်းမှသာ ပြည်သူလူထုဘဝတစ်ခုလုံး အမှန်တကယ်လွတ်မြောက်ပြီး တရားမျှတမှုနဲ့ လွတ်လပ်မှုတွေဟာ ဒီမြေပေါ်မှာ အဓွန့်ရှည်တည်တံ့မှာဖြစ်ပါတယ်” ဟု မုံရွာပင်မသပိတ် က ဆိုသည်။

အဆိုပါ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲကို မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ မုံရွာမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နှင့် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့မှအားဖြည့် ဝန်းရံကူညီခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly