သီရိလင်္ကာ၏ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းအတွက် အကူအညီပေးရန် တရုတ်ကို တောင်းဆို

သီရိလင်္ကာ၏ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းအတွက် အကူအညီပေးရန် တရုတ်ကို တောင်းဆို

သီရိလင်္ကာစီးပွားရေးပြိုလဲမှုကြောင့် အရေးပေါ်အကူအညီ ဒေါ်လာ ၄ ဘီလီယံပေးရေး ဆွေးနွေးနေချိန်တွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာရေးတို့ကို ရေရှည်တည်တံ့ခိုင်မြဲစွာ တိုးတက်လာစေရေးအတွက် တရုတ်ဆိုင်ရာ သီရိလင်္ကာ၏ အထူးသံတမန်က ဇူလိုင် ၂၅ရက်တွင် တရုတ်ကို တောင်းခံခဲ့သည်။

နိုင်ငံခြားအရန်ငွေ ပြတ်လပ်သွားခြင်းကြောင့် လူဦးရေ ၂၂ သန်းရှိသော သီရိလင်္ကာသည် ၁၉၄၈ ခုနှစ် လွတ်လပ် ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းကို ကြုံတွေ့နေရသည်။

လောင်စာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှုများကြောင့် နိုင်ငံကို အုပ်ချုပ်နေသည့် ရာဂျပတ်ဆာမိသားစုကို ဒေါသထွက်နေသော ဆန္ဒပြသူများက ဖြုတ်ချခဲ့ကြသည်။

သံအမတ်ကြီး ကိုဟိုနာက သီရိလင်္ကာ၏ စီးပွားရေး ပြန်လည်ဦးမော့လာရေးသော့ချက်တစ်ခုအဖြစ် တရုတ် အပေါ် အလေးထားမှုသည် သီရိလင်္ကာ၏ အကြီးဆုံး နိုင်ငံခြားမြီရှင်နှစ်ဦးထဲမှ တစ်ဦးဖြစ်သည့် ဂျပန်နှင့်အတူ တရုတ်ကို တန်းတူထားနေကြောင်း ဖော်ပြနေသည်။

ပေကျင်းမြို့ရှိ သီရိလင်္ကာသံရုံးတွင် ရိုက်တာနှင့် လူတွေ့မေးမြန်းခန်းတစ်ခုတွင် တရုတ်အစိုးရက တရုတ်ကုမ္ပဏီ များအား သီရိလင်္ကာနိုင်ငံမှ လက်ဖက်ခြောက်၊ နီလာ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် အဝတ်အထည်များကို ပိုမိုဝယ်ယူရန်နှင့် တရုတ်သွင်းကုန်စည်းမျဉ်းများ ပိုမိုပွင့်လင်းမြင်သာစေရန်နှင့် လေ့လာရ ပိုမိုလွယ်ကူစေရန် တရုတ်အား တောင်းဆိုကြောင်း ပြောကြားခဲ့သည်။

ကိုလံဘိုနှင့် ဟမ်ဘန်တိုတာမြို့များရှိ ကြီးမားသော တရုတ်ကျောထောက်နောက်ခံပြုဆိပ်ကမ်းစီမံကိန်းများတွင် တရုတ်က နောက်ထပ်ရင်းနှီးမြှုပ်နှံမှုများ ထည့်ဝင်ခြင်းဖြင့်လည်း ကူညီနိုင်သည်ဟု ၎င်းက ဆိုသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တရုတ်၏ အဓိက ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များသည် အကောင်အထည် မပေါ် သေးကြောင်း ကိုဟိုနာက ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၁၈ ခုနှစ်တွင် သီရိလင်္ကာသို့ တရုတ်ခရီးသည် ၂၆၅ ဝ၀ဝ လာရောက်ခဲ့ရာမှ အသေခံ တိုက်ခိုက် မှုများနှင့် ကပ်ရောဂါဖြစ်ပွားပြီးနောက် သုညအထိ ကျဆင်းသွားသည့်အတွက် တရုတ်ခရီးသွားများ ပိုမိုလာရောက်စေလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly