မက်ဆီ ဘာစီလိုနာတွင် ကစားသမားဘ၀ ပြီးဆုံးရန် လာပေါ်တာ မျှော်လင့်

မက်ဆီ ဘာစီလိုနာတွင် ကစားသမားဘ၀ ပြီးဆုံးရန် လာပေါ်တာ မျှော်လင့်
Photo: EPA

ဘာစီလိုနာအသင်းဥက္ကဌ ဂျုံး လာပေါ်တာက လီယွန်နယ် မက်ဆီသည် ၎င်း၏ ကစားသမားဘဝကို "ဘာကာအင်္ကျီနှင့်" အဆုံးသတ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

မက်ဆီသည် ဘာစီလိုနာပထမအသင်းကြီးတွင် ၁၇ နှစ်ကြာ ကစားခဲ့ပြီးနောက် ကတ်တလန်အသင်းမှာမူ  ငွေကြေးပြဿနာများနှင့် ရင်ဆိုင်နေလျက်ဖြစ်၍ ပြီးခဲ့သည့်နွေရာသီက ပီအက်စ်ဂျီသို့ ပြောင်းရွှေ့သွားခဲ့သည်။

သို့သော် လာပေါ်တာကမူ အသက် ၃၅ နှစ်အရွယ် ကွင်းလယ်ကစားသမားသည် ၎င်း၏ ကစားသမားဘဝအနားမယူမီ ဘာကာသို့ ပြန်လာနိုင်မည်ဟု မျှော်လင့်နေသည်။

“ကျနော်တို့အားလုံး နှစ်သက်တဲ့ ဘာစီလိုနာမှာ မက်ဆီရဲ့အချိန်ဟာ မကုန်ဆုံးခဲ့ပါဘူး” လို့ ကလပ်၏ အမေရိကန်သို့ ရာသီကြိုခရီးစဉ်အတွင်း စပိန်သတင်းဌာနကို ပြောသည်။

"ဘာစီလိုနာဟာ လီယိုမက်ဆီအတွက် ကျင့်ဝတ်ပိုင်းဆိုင်ရာ အကြွေးတွေရှိနေတယ်လို့ ကျနော် ယုံကြည်ပါတယ်။ သူသွားလေရာရာ နေရာတိုင်းမှာ ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ကစားသမားဘဝ အဆုံးသတ်အချိန်အတွက် ဘာကာအင်္ကျီကို ကျနော်တို့ ဝတ်ပေးစေချင်ပါတယ်။"

လာပေါ်တာသည် ပီအက်စ်ဂျီမှာ စာချုပ်တစ်နှစ်ထပ်တိုးခွင့်ပါဝင်သည့် တစ်ရာသီကျန်ရှိနေသော မက်ဆီနှင့် “ဘာမှ မဆွေးနွေးရသေးပါဘူး” ဟု ရှင်းလင်းပြောကြားခဲ့သည်။

"ဒါဟာ (သူ့ရဲ့ဘာစီလိုနာကစားသမားဘဝအတွက်) ယာယီကုန်ဆုံးသွားခဲ့တာဆိုတော့ ဒီဆန္ဒကို တကယ်ဖြစ်လာအောင် ကျနော်တို့ လုပ်ဆောင်လိမ့်မယ်လို့ ကျနော် ယုံကြည်တယ်"ဟု ၎င်းက ထည့်သွင့်ပြောဆိုခဲ့သည်။

မက်ဆီသည် ၎င်း၏ ပီအက်စ်ဂျီနှင့် ပွဲဦးထွက်ရာသီတွင် ပြိုင်ပွဲအရပ်ရပ်တွင် ၁၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ၂၀၀၇-၀၈ နောက်ပိုင်း တစ်ရာသီအတွင်း ပထမဆုံးအကြိမ် သွင်းဂိုး ၃၀ အောက်သာ သွင်းယူနိုင်ခဲ့သည်။

© AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly