ချယ်လ်ဆီးနှင့် နည်းပြဆီမြွန်နီ သဘောတူညီမှု ရရှိဟု သတင်းများထွက်ပေါ်

ချယ်လ်ဆီးနှင့် နည်းပြဆီမြွန်နီ သဘောတူညီမှု ရရှိဟု သတင်းများထွက်ပေါ်

လန်ဒန်၊ ဖေဖော်ဝါရီ ၁၆ ။             ။ ချယ်လ်ဆီးအသင်းသည် နည်းပြသစ်နေရာအတွက် အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂိုဆီမြွန်နီကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဟု ကောလာဟလ သတင်းများထွက်ပေါ်လျက်ရှိသည်။

နည်းပြ ဆီမြွန်နီသည် ချယ်လ်ဆီးအသင်းတွင် တစ်နှစ်လစာငွေ ယူရို ၁၂ သန်းရရှိမည်ဖြစ်ပြီး လက်ရှိယာယီနည်းပြ ဂုစ်ဟစ်ဒင့်၏ နေရာကို ဆက်ခံမည်ဟု ဂိုးလ်ဒေါ့ကွန်းက ဖော်ပြခဲ့သည်။ ထိုလစာငွေမှာ အက်သလက်တီကိုအသင်းတွင် ရရှိသည့်လစာငွေထက် နှစ်ဆပိုမိုများပြားသည့် လစာငွေ ဖြစ်သည်။

ထို့အပြင် ဆီမြွန်နီသည် ရာသီအကုန်တွင် စတမ်းဖို့ဒ်ဘရစ်ချ်သို့ ပြောင်းရွှေ့ရန်အတွက် အက်သလက်တီကိုအသင်းထံ အကြောင်းကြားပြီးပြီဟုလည်း စပိန်သတင်းဌာန OK Diario က ဆိုသည်။

ဆီမြွန်နီသည် ၂၀၁၄ ခုနှစ်က အက်သလက်တီကိုအသင်းကို လာလီဂါဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ရောက်ရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သည်။

ဆီမြွန်နီသည် ချယ်လ်ဆီးအသင်းပိုင်ရှင် နှစ်သက်သည့် နည်းပြတစ်ဦးဖြစ်ပြီး မော်ရင်ဟို ထုတ်ပယ်ခံရပြီးနောက် ချယ်လ်ဆီးနည်းပြဖြစ်လာရန် ရေပန်းစားသည့် နည်းပြများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly