ဘဏ်အပ်နှံငွေများကို ပြန်ပေးမည်ဟု ဟိုင်နန်ပြည်နယ် ဘဏ္ဍာရေးဌာနက ကတိပြု

ဘဏ်အပ်နှံငွေများကို ပြန်ပေးမည်ဟု ဟိုင်နန်ပြည်နယ် ဘဏ္ဍာရေးဌာနက ကတိပြု

တရုတ်နိုင်ငံတွင် ဟိုင်နန်ဘဏ်မှ ဆန္ဒပြသူများကို ပြေလျော့စေရန် ပြည်နယ်ဘဏ္ဍာရေး ကြီးကြပ်ကွပ် ကဲမှုဗျူရိုက မကြာသေးမီက ထိခိုက်နစ်နာခဲ့သည့် ဘဏ်ငွေအပ်နှံထားသူများကို ငွေပြန်ပေးမည်ဖြစ်ကြောင်း အကြောင်းကြားစာ ထုတ်ပြန်လိုက်သည်။

ယွမ် ၅၀ဝဝဝ အထိ အပ်နှံထားသူများကို ပြန်လည်ပေးခဲ့ပြီး ယခုအခါ အပ်ငွေ ၁၀ဝဝဝဝ အထိ အပ်နှံထားသူများကို ပြန်ပေးနေပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

ထိန်းချုပ်ထားသော ငွေများ ထုတ်ခွင့်ရရန် ဘဏ်တွင် ငွေအပ်နှံထားသူအများအပြားက ဟီနန်ဘဏ်တွင် ဆန္ဒပြတောင်းဆိုခဲ့ရာ ဆန္ဒပြသူများကို ကြောက်ရွံ့ စေရန် တရုတ်ကွန်မြူနစ်ပါတီက ဇူလိုင်လ ၂၀ရက် တွင် တင့်ကားများကို အသုံးပြုခဲ့သည်။

တရုတ်စစ်တပ်၏ တင့်ကားများသည် ရှန်တုန်ပြည်နယ်၊ ရိကျောင်ခရိုင်မြို့ရှိ ဘဏ်များကို ကာကွယ်ရန်လမ်းများပေါ်သို့ ထွက်ပေါ်လာသည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

တရုတ်ဘဏ်၏ ဟိုင်နန်ဘဏ်ခွဲမှ ဘဏ်ခွဲရှိ လူများ၏ စုဆောင်းငွေများသည် 'ရင်းနှီးမြှုပ်နှံမှု ထုတ်ကုန်များ' ဖြစ်သောကြောင့် ထုတ်ယူ၍ မရနိုင်ကြောင်း ကြေညာချက်ထွက်ပေါ်လာပြီးနောက် အဆိုပါ အဖြစ်အပျက် များဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၊ ဟိုင်နန်ပြည်နယ်ရှိ ရွာများမှ ငွေအပ်နှံထားသူများသည် ထိန်းချုပ်ထားခံထားရသော ငွေများမှ ဇူလိုင်လ ၁၅ ရက်တွင် ပထမအသုတ်ငွေများကို ပြန်ရမည်ဟု ကတိပြုခံထားရသော်လည်း ငွေအပ်နှံထားသူ လက်တစ်ဆုပ်စာသာ ငွေလက်ခံရရှိပြီး ဘဏ်များတွင် ငွေပို တစ်စုံတစ်ရာ ရှိမရှိ မေးခွန်းထုတ်စရာ ဖြစ်နေ သည်။

ဇူလိုင်လ ၁၀ ရက်တွင် ငွေအပ်နှံထားသူ ၁,ဝဝဝ ကျော်သည် တရုတ်ဗဟိုဘဏ်ဖြစ်သော တရုတ်ပြည်သူ့ဘဏ် ၏ ကျန်းကျိုးဘဏ်ခွဲ အပြင်ဘက်တွင် စုရုံးကာ အကြီးမားဆုံး ဆန္ဒပြမှုကို စတင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly