စစ်ကောင်စီ၏ မတရားသေဒဏ်ပေးစီရင်ခံရသူများအတွက် နမခစစ်ဆေးရေးဂိတ်အား တုံ့ပြန်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေ

စစ်ကောင်စီ၏ မတရားသေဒဏ်ပေးစီရင်ခံရသူများအတွက် နမခစစ်ဆေးရေးဂိတ်အား တုံ့ပြန်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေ

ဇူလိုင်လ ၂၉ ရက်

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် စစ်ဆေးရေးဂိတ်အား ဗုံးဖြင့်ပစ်ဖောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဉီးသေဆုံးကြောင်း Aung San Generation Monywa တပ်ဖွဲ့က ဇူလိုင်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုသည်  စစ်ကောင်စီ၏ မတရားသေဒဏ်ပေးစီရင်ခြင်းခံခဲ့ရသည့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာ သော်၊ ဦးလှမျိုးအောင် ၊ ဦးအောင်သူရဇော် တို့အတွက် လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ 

“ဒီစစ်ဆင်ရေးကတော့ မတရားကြိုးပေးခံရတဲ့သူ လေးဉီးအတွက် အကြွေးပြန်ယူတာပါ စစ်ကောင်စီ တပ်သား နှစ်ယောက်သေတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့  သူတွေဆီက ပြန်သိရပါတယ်” ဟု Aung San Generation Monywa တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
ယမန်နေ့ ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် နမခမြောက်ဘက်အဆုံးရှိ (မုံရွာအဝင် ဆိုင်းဘုတ်) အနီးမှဂိတ်အား လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

Aung San Generation Monywa အနေဖြင့် စစ်ဆင်ရေးများကို အလျင်းသင့်သလို့ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း  ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
Aung San Generation Monywa နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ဇူလိုင်လ ၂၇ ရက်နေ့ ည ၈နာရီ ၃၀ မိနစ်ခန့်ကလည်း ဘုတလင်မြို့ရဲစခန်းနှင့် သစ်တောရုံးအား လက်လုပ်လက်နက်ကြီးများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားရှစ်ဉီး လက်နက်ကြီးထိမှန်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly