လီဗာပူးလ်ရဲ့ အလီဆင်၊ ဂျိုတာတို့ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းကို လွဲချော်မည်

လီဗာပူးလ်ရဲ့ အလီဆင်၊ ဂျိုတာတို့ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းကို လွဲချော်မည်

လီဗာပူးလ်ကစားသမားနှစ်ဦးဖြစ်တဲ့ အလီဆင် ဘက်ကာနဲ့ ဒီယေဂို ဂျိုတာတို့ဟာ စနေနေ့မှာ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ကစားမယ့် ကွန်မြူနတီဒိုင်းပွဲစဉ်ကို လွဲချော်မှာဖြစ်တယ်လို့ သိရပါတယ်။

ဂိုးသမား အလီဆွန်ဟာ ရာသီကြိုခြေစမ်းပွဲကာလတစ်လျှောက်လုံး ဝမ်းဗိုက်ပြဿနာနဲ့ ရုန်းကန်နေတုန်း ပေါ်တူဂီတိုက်စစ်မှူး ဂျိုတာဟာလည်း တံကောက်ကြောဒဏ်ရာနဲ့ ရင်ဆိုင်နေရတာပါ။

လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်က ကစားသမားနှစ်ဦးစလုံးဟာ King Power အားကစားကွင်းမှာ အင်္ဂလန်ပရီးမီးယားလိဂ်ရာသီအဖွင့် ကွန်မြူနတီဒိုင်းလုပွဲကို လွှဲချော်ကြမယ်လို့ ကြာသပတေးနေ့မှာ အတည်ပြုပြောကြားလိုက်ပါတယ်။

အလီဆင်ဟာ လေ့ကျင့်ခန်းပြန်စဖို့ အနီးစပ်ဆုံးဖြစ်ပေမယ့်လည်း ဘရာဇီးလ်သားဟာ သြဂုတ် ၆ ရက်မှာ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကို ပစ်မှတ်ထားနေပါတယ်။

ဂျိုတာဟာ ကွင်းဘေးမှာ ကာလကြာရှည်စွာ ရင်ဆိုင်နေရပြီး ဒီသီတင်းပတ်မှာ သြစတြီးယားက သူတို့ရဲ့ လေ့ကျင့်ရေးစခန်းမှာ အသင်းနှင့်အတူ မပါဝင်ခဲ့ပါဘူး။

"အလီက အရင်နေ့ကထက် ဒီနေ့ လေ့ကျင့်မှုတွေ ပိုလုပ်ထားတော့ သူက ဖူလ်ဟမ်အတွက် သေချာပေါက် ပါဝင်လာနိုင်ပေမယ့် တနင်္ဂနွေမှာတော့ မဟုတ်ဘူး"လို့ ကလော့ပ်က ပြောပါတယ်။

"ဒီယေဂိုက ဒီနေရာမှာ ကျနော်တို့နဲ့အတူ ရှိမနေဘူးဆိုတော့ သူက ဘောလုံးပွဲ ဘယ်လိုကစားနိုင်မှာလဲ၊ ကံမကောင်းစွာပဲ ခဏတော့ ကြာလိမ့်မယ်။"

ဒီနှစ် ဘောလုံးရာသီ စောစောစတင်တာကြောင့် ကလော့ပ်ဟာ ရာသီကြိုမှာ အလုပ်အားလုံးကို သူစိတ်ကြိုက်လုပ်ဖို့ အချိန် မလုံလောက်ဘူးလို့ ဝန်ခံထားပါတယ်။

ဒါအတွက်ကြောင့် လီဗာပူးလ်ဟာ ကွန်မြူနတီဒိုင်းပွဲအပြီးမှာ စထရာဘတ်အသင်းနဲ့ နောက်ထပ်ခြေစမ်းပွဲအနေနဲ့ ကစားရမှာဖြစ်ပါတယ်။

အက်ဖ်အေဖလားနဲ့ လိဂ်ဖလားကိုင်မြှောက်ထားတဲ့ လီဗာပူးလ်ဟာ ဖူလ်ဟမ်နဲ့ လိဂ်ပွဲစဉ်ထိပ်တိုက်တွေ့ဆုံမှုစတင်အပြီးမှာပဲ နောက်ထပ်ခြေစမ်းပွဲကို ထပ်မံစီစဉ်ရဦးမှာဖြစ်ပါတယ်။

"ရာသီအတွင်းမှာပဲ လိုအပ်ရင် ရာသီကြိုခြေစမ်းပွဲကို ဆက်တိုးရမှာပေါ့"လို့ ကလော့ပ်က ပြောပါတယ်။

"ကျနော်တို့ စနေနေ့မှာ မန်စီးတီးနဲ့ ရင်ဆိုင်ရအပြီး တနင်္ဂနွေနေ့မှာ စထရာဘတ်နဲ့ ရာသီကြိုခြေစမ်းပွဲ ကစားမှာပါ။ အဲဒီနောက် ဖူလ်ဟမ်နဲ့ နောက်တစ်နေ့မှာ ကျနော်တို့ နောက်ထပ်တစ်ပွဲ ကစားမှာပါ။"

ကာတာကမ္ဘာ့ဖလားအတွက် ဆောင်းရာသီအားလပ်ရက်အဖြစ်ပါဝင်မယ့် ရာသီအတွက် ခက်ခဲတဲ့ပြင်ဆင်မှုတွေရှိနေပေမယ့်လည်း ကလော့ပ်က သူ့အသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီနောက်ဆုံးနေ့မှာ လီဗာပူးလ်ကို တစ်မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။

"ဒါက အရမ်းအရေးကြီးပါတယ်။ ကျနော်တို့ ဒီဗိုလ်လုပွဲကို နှစ်ခါလောက် ကစားပြီးပါပြီ။ အနိုင်ရရင် ကျေနပ်စရာပါပဲ။" လို့ ကလော့ပ်က ပြောပါတယ်။

"ဒါက နောက်ဆုံးပြည်တွင်းဖလားပြိုင်ပွဲဖြစ်ပြီး ကျနော်တို့ မဆွတ်ခူးရသေးတဲ့အတွက်ကြောင့် ကြိုးပါမယ်။"

© AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly