ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယားတွင် လျှပ်စစ်မီတာခ မြင့်တက်မှုအပေါ် ဒေသခံများ ဆန္ဒပြ

By The Print
28 July 2022
ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယားတွင် လျှပ်စစ်မီတာခ မြင့်တက်မှုအပေါ် ဒေသခံများ ဆန္ဒပြ

ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယား (PoK) ဒေသ၌ လျှပ်စစ်ဝန်အားလျှော့မှုများ များပြားနေပြီး မီတာခနှုန်းထားများ မြင့်တက်နေခြင်းအပေါ် ပူပန်သောကရောက်နေရကြောင်း ဒေသခံပြည်သူတို့က ထုတ် ဖော်ခဲ့ကြပြီး ၎င်းတို့အတွက် သက်သာခွင့်ရစေရန် ပံ့ပိုးလုပ်ဆောင်ပေးရေး အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ကြ ကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

ပြေလည်မှု မရသေးသည့် ယခုကိစ္စနှင့် ပတ်သက်ပြီး ၎င်းတို့အနေဖြင့် ရတတ်မအေး ဖြစ်နေရသည်ဟု ဒေသခံများ က ပြောသည်။ ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယား ဒေသသည် လျှပ်စစ် မဂ္ဂါဝပ် ၄၀၀၀ ကျော် ထုတ်လုပ် လျက် ရှိပြီး ထိုဒေသ၏ လျှပ်စစ်လိုအပ်ချက် စုစုပေါင်းက ၃၅၀ မဂ္ဂါဝပ်အောက်သာ ရှိသော်လည်း ဒေသခံ ပြည်သူများမှာ လျှပ်စစ်မီး ပုံမှန်မရဘဲ အမှောင်ထုအောက် နေထိုင်နေကြရသည်။

မပြေလည်နိုင်သေးဘဲ ဆက်ရှိနေသည့် ယခုပြဿနာအတွက် ဖြေရှင်းချက်နည်းလမ်းတစ်ခု ရရှိရေး တောင်းဆို ရင်း PoK ဒေသခံတို့အနေဖြင့် ကြီးလေးသော မတရားမှုကို ရင်ဆိုင်ဖြတ်ကျော်သွားရဦးမည် ဖြစ်သည်။ ဒေသခံ များသည် ၎င်းတို့ သက်သာခွင့်ရစေရန် ပံ့ပိုးပေးရေး ဖက်ဒရယ်အစိုးရနှင့် PoK ဒေသအစိုးရတို့ကို ပန်ကြားထား သည်။

ထို့ပြင် PoK ဒေသ ပွတ်ချ် ဧရိယာရှိ ဆန္ဒပြပွဲတစ်ခုကို လုံခြုံရေးတပ်ဖွဲ့များက မဆင်မခြင် ပစ်ခတ်လူစုခွဲခဲ့သဖြင့် ဆန္ဒပြသူအချို့ ဒဏ်ရာများ ရရှိခဲ့သည်။

ဇူလိုင် ၂၁ ရက်က ဖြစ်ပွားခဲ့သည့် ထိုဖြစ်စဉ်တွင် ဒေသခံပြည်သူ ၆၅ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၎င်းတို့အနက် ၃၀ ဦးမှာ အကြမ်းဖက်မှုဥပဒေအောက်တွင် အမှုဖွင့်ခံခဲ့ရကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ကုန်ဈေးနှုန်း မြင့်တက်ခြင်းနှင့် ပါကစ္စတန် အာဏာပိုင်တို့ဘက်မှ အခြေခံ လူ့အခွင့်အရေးများ ပိတ်ပင်ထားခြင်းတို့ကြောင့် PoK ဒေသတွင် ကြီးမားသော ဆန္ဒပြပွဲများ ဖြစ်ပေါ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly