အဆင့်မြင့်အစည်းအဝေးများ၌ သမ္မတရှီ၏ ပြောကြားချက်များကို လေ့လာမှတ်သားကြရန် ကွန်မြူနစ်ပါတီအရာရှိက တိုက်တွန်း

အဆင့်မြင့်အစည်းအဝေးများ၌ သမ္မတရှီ၏ ပြောကြားချက်များကို လေ့လာမှတ်သားကြရန် ကွန်မြူနစ်ပါတီအရာရှိက တိုက်တွန်း

တရုတ်ကွန်မြူနစ်ပါတီမှအရာရှိတစ်ဦးက ပြည်နယ်နှင့်ဝန်ကြီးအဆင့်အစည်းအဝေးများ၏ လေ့လာရေးကဏ္ဍ၌ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် တရုတ်သမ္မတရှီကျင့်ဖျင်၏ အရေးပါသော သဘောထားမှတ်ချက်များကို စေ့စေ့စပ်စပ်လေ့လာကြရန် ဇူလိုင် ၂၇ ရက်က တိုက်တွန်းလိုက်သည်။

တရုတ်သမ္မတရှီကျင့်ဖျင်က တတိယသမ္မတသက်တမ်းအတွက် အာဏာရယူနိုင်ရေးကြိုးပမ်းနေချိန်တွင် ကွန်မြူနစ်ပါတီအရာရှိက ယခုသို့ ပြောဆိုလာခြင်းဖြစ်သည်။

CPC ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဗဟိုကော်မတီ၏ အများပြည်သူဆိုင်ရာ ဌာန အကြီး အကဲ ဟွမ်ကူမင်းသည် နိုင်ငံတစ်ဝန်းရှိ ထင်ရှားကျော်ကြားသောအရာရှိများနှင့် အွန်လိုင်းမှ အစည်းအဝေး လုပ်စဉ် ထိုသို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖျင်သည် ပါတီနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သီအိုရီနှင့် လက်တွေ့ကျသော မေးခွန်းများကို ဖြေကြားခဲ့ကြောင်း ဟွမ်က ပြောသည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

ရှီ၏ အရေးကြီးသော သဘောထားမှတ်ချက်များကို လေ့လာခြင်း၊ ဖြန့်ဝေခြင်းနှင့် အကောင်အထည် ဖော်ခြင်း တို့ကို အဓိကနိုင်ငံရေးတာဝန်တစ်ရပ်အဖြစ် မှတ်ယူသင့်သည်ဟု ဟွမ်က မှတ်ချက်ပြုခဲ့ပြီး ပါတီ၏ ၂၀ ကြိမ် မြောက် အမျိုးသားကွန်ဂရက်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးအတွက် သတင်းပြန်ကြားမှုများ ဆောင်ရွက်ရာတွင် ကြိုးပမ်းအားထုတ်ကြရန်လည်း တိုက်တွန်းခဲ့သည်။ 

“တရုတ်ရဲ့ ဝါဒဖြန့်ယန္တရားအောက်မှာ အဆိုးရွားဆုံးကာလအတွင်း ပါတီအဖွဲ့ဝင်တိုးလာတဲ့အချက်ဟာ သာမန်တရုတ်ပြည်သူတွေက စားနပ်ရိက္ခာပြတ်လပ်မှုမရှိခဲ့ဘဲ တရုတ်ခေါင်းဆောင်ပိုင်းရဲ့ အသွားအလာ ကန့်သတ်မှုအစီအမံတွေကို အပြည့်အဝထောက်ခံတယ်ဆို ညွှန်ပြနေပါတယ်” ဟု တရုတ်ဝေဖန်ရေးသမား ကျန်းလီယန်းက The Washington Times တွင် ရေးသားထားသည်။

ရှီကျင့်ဖျင် ၂၀၁၂ ခုနှစ်တွင် အာဏာရလာပြီးနောက် ပါတီအဖွဲ့ဝင်အရေအတွက် အများဆုံး တိုးလာစေရန် ခေါင်းဆောင်ပိုင်း၏  သိမ်မွေ့ပါးနပ်သောကြိုးပမ်းမှုကို ပါတီဝင်ကိန်းဂဏန်းများကိုကြည့်ခြင်းဖြင့်သိနိုင်ကြောင်း ကျန်းလီယန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly