တရုတ်ကို စောင့်ကြည့်ခြင်းဖြင့် တောင်ကိုရီးယားက နည်းပညာ ပေါက်ကြားမှုကို တားဆီးရန် ကြိုးပမ်း

တရုတ်ကို စောင့်ကြည့်ခြင်းဖြင့် တောင်ကိုရီးယားက နည်းပညာ ပေါက်ကြားမှုကို တားဆီးရန် ကြိုးပမ်း

အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ ရန်လိုမှုများလာခြင်းနှင့်အတူ၊ ထိပ်တန်းကုန်သွယ်ဖက်၊ အင်အားကြီး အိမ်နီးချင်းဖြစ်သည့် တရုတ်နှင့် ဆက်ဆံရေးအကြောင်းအရာသည် တောင်ကိုရီးယားစက်မှုလုပ်ငန်းနှင့် အစိုးရအရာရှိများကြားတွင် ထိလွယ်ရှလွယ်ဖြစ်နေဆဲဖြစ်သည်။

တရုတ်၏ ဒေသတွင်းသြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် တောင်ကိုရီးယား၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာသည် အမေရိကန်ကို အတုယူရမည်ဟု အိုင်ရီကာက The Star တွင် ရေးသားထားသည်။

ဂျပန်၊ သြစတြေးလျနှင့် ဥရောပသမဂ္ဂတို့ အပါအဝင် အမေရိကန်၏ အခြားရင်းနှီးသော မဟာမိတ်များသည် အချိန်ကြာမြင့်စွာကတည်းက ပူးပေါင်းခဲ့ပြီး ယင်းတို့၏ ကိုယ်ပိုင် အင်ဒို-ပစိဖိတ် လမ်းညွှန်ချက်များနှင့် ဗျူဟာ များကို ထုတ်ပြန်ကြေညာခဲ့သည့်အတိုင်း ပညာရှင် အများအပြားက အသစ်တက်လာသည့် တောင်ကိုရီးယား အစိုးရက တရုတ်ထက် အမေရိကန်နှင့် ပိုမိုနီးစပ်ရန် ရွေးချယ်ခဲ့ခြင်းက ထင်ရှားသည့် လက္ခဏာ တစ်ရပ်အဖြစ် မြင်ခဲ့ကြသည်။

ဂျပန်နှင့် ထိုင်ဝမ်တို့ပါဝင်သည့် 'Chip 4' ပဏာမခြေလှမ်းဟု လူသိများသော အမေရိကန်ဦးဆောင်သော ချစ်ပ်မဟာမိတ်အဖွဲ့တွင် ပါဝင်ရန် တောင်ကိုရီးယားက မျှော်လင့်ထားကြောင်း အိုင်ရီကာက ပြောကြားခဲ့သည်။

တောင်ကိုးရီးယားသည် အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန်နှင့် တရုတ် သြဇာလွှမ်းမိုးရေးပြိုင်ပွဲတွင် ကွာဟ ချက်ကို အံဝင်ခွင်ကျဖြစ်စေသော မဟာဗျူဟာတစ်ရပ်ကို ရေးဆွဲရန် လိုအပ်ကြောင်း လေ့လာသုံး သပ်သူများ က ဆိုသည်။

တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ခ်ယိုလ်က ကိုယ်ပိုင်အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ မဟာဗျူဟာမူဘောင်ကို ရေးဆွဲရန် မေလတွင် အစီအမံတစ်ခုကို ထုတ်ဖော်ခဲ့ပြီးနောက် ၎င်းတို့၏ အကြံပြုချက် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း The Star သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဆိုးလ်မြို့သို့ လာရောက်လည်ပတ်ပြီးနောက် ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာ ချက်တွင် အဆိုပါ အစီအစဉ်သည် တောင်ကိုရီးယားအတွက် သိသာထင်ရှားသော မူဝါဒအပြောင်းအလဲ ဖြစ်နိုင်သည်။

တရုတ်၏ ဒေသတွင်းလွှမ်းမိုးမှုကို တန်ပြန်ရန် ရည်ရွယ်သည့် အမေရိကန်ဦးဆောင်သော အင်ဒို-ပစိဖိတ် စီးပွား ရေးမူဘောင်တွင် ပါဝင်မည်ဟု တောင်ကိုရီးယားက ပြောကြားပြီးနောက် ယခုကဲ့သို့ ပြောကြားချက် ထွက်ပေါ် လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required