ငယ်ဘဝကလပ် နေရှင်နယ်အသင်းကို ပြန်လာဖို့ လူးဝစ် ဆွာရက်ဇ် ကာလတိုစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်

ငယ်ဘဝကလပ် နေရှင်နယ်အသင်းကို ပြန်လာဖို့ လူးဝစ် ဆွာရက်ဇ် ကာလတိုစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်

လူးဝစ် ဆွာရက်ဇ်ဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် သူ့ရဲ့ငယ်ဘဝကလပ် နေရှင်နယ်အသင်းကို ပြန်လည်ရောက်ရှိဖို့ ကာလတိုစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တယ်လို့ ကလပ်အသင်းဥက္ကဋ္ဌက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ဆွာရက်ဇ်ဟာ သူ့ကစားသမားဘဝ စတင်ခဲ့တဲ့ အသင်းကို ပြန်လာဖို့ အကြိုသဘောတူညီမှု ရရှိထားတယ်လို့ အင်္ဂါနေ့က လူမှုမီဒီယာမှာ ဖော်ပြခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ အသက် ၃၅ နှစ်အရွယ် ကြယ်ပွင့်ဟာ ၅ လကြာ စာချုပ်ချုပ်လိုက်ပြီလို့ နေရှင်နယ်ဥက္ကဌ Jose Fuentes က Sport 890 ရေဒီယိုကို ပြောကြားခဲ့ပါတယ်။

သူဟာ ၂၀၀၅ ခုနှစ်၊ ၁၈ နှစ်အရွယ် နေရှင်နယ်အသင်းအတွက် ပရော်ဖက်ရှင်နယ်ပွဲဦးထွက်ကစားခဲ့ပြီး ဥရုဂွေးလိဂ်ဖလား ဆွတ်ခူးနိုင်အောင် ကူညီပေးပြီး နောက်ရာသီမှာ နယ်သာလန်ကလပ် Groningen ကို ပြောင်းရွှေ့ခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ ဒီနွေမှာ သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အက်သလက်တီကိုမက်ဒရစ်ကနေ ထွက်ခွာခဲ့ပြီးတဲ့နောက် အလွတ်အေးဂျင့်ဖြစ်လာပါတယ်။

ဆွာရက်ဇ်နဲ့ ကလပ်ဥက္ကဋ္ဌနှစ်ဦးစလုံးဟာ အင်္ဂါနေ့က အချို့သော အသေးစိတ်အချက်အလက်တွေကို ရှင်းဖို့ လိုသေးတယ်လို့ ပြောကြားခဲ့ပေမယ့်လည်း Fuentes က "ပြီးပါပြီ၊ ဖြေရှင်းပြီးပါပြီ"လို့ Sport 890 ကို ပြောကြားခဲ့ပါတယ်။

လီဗာပူးနဲ့ ဘာစီလိုနာကြယ်ပွင့်ဟောင်းဟာ ဥရုဂွေးရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာ သူ့ရဲ့ လေးကြိမ်မြောက်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ဆင်နွှဲဖို့ ရှိနေပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly