(၇၅) နှစ်မြောက် တပ်မတော်ရေနေ့ ဇာတ်ကားရိုက်ကူးရန်အတွက် အကြမ်းဖက်စစ်တပ်ကို ထောက်ခံ သည့် ရုပ်ရှင်သရုပ်ဆောင်များ ဟိုင်းကြီးကျွန်းတွင် ရောက်ရှိနေ

(၇၅) နှစ်မြောက် တပ်မတော်ရေနေ့ ဇာတ်ကားရိုက်ကူးရန်အတွက် အကြမ်းဖက်စစ်တပ်ကို ထောက်ခံ သည့် ရုပ်ရှင်သရုပ်ဆောင်များ ဟိုင်းကြီးကျွန်းတွင် ရောက်ရှိနေ

ဇူလိုင် ၂၈

ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့တွင် (၇၅) နှစ်မြောက် တပ်မတော်ရေနေ့ အထိမ်းအမှတ် ဇာတ်ကားရိုက် ကူးရန်အတွက် အကြမ်းဖက်စစ်တပ်ကိုထောက်ခံသည့် ရုပ်ရှင်သရုပ်ဆောင်များ ရောက်ရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

သရုပ်ဆောင် မေသဉ္ဇာဦး၊ စိုးမြတ်သူဇာ၊ မုဏ်း၊ ယဉ်လတ်၊ စသည့်သရုပ်ဆောင်များသည် ဇူလိုင်လ ၂၄ ရက်နေ့မှစတင်ကာ စစ်ကောင်စီ၏ ဟိုင်းကြီးကျွန်းရေတပ်စခန်းသို့ ရောက်ရှိနေခြင်းဖြစ်သည်။

လက်ရှိ တွင် အဆိုပါသရုပ်ဆောင်များသည် ကြယ်ညွှန်ရာသစ္စာအမည်ရှိ ဇာတ်ကားကို စတင်ရိုက်ကူးနေပြီဖြစ် ကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူများထံက သိရသည်။

“ခုဆိုရင် ကပ္ပလီ၊ ဟိုင်းကြီးအထက်တန်းကျောင်းနဲ့ ကျောက်ကလပ်မှာ ရိုက်ပြီးသွားပြီ။ သူတို့အကုန်လုံး ဟိုင်းကြီးရေတပ်ထဲက VIP ရိပ်သာမှာ နေကြတယ်လို့ သိရတယ်။ ခုထိတော့မပြီးသေးဘူး။ ရိုက်နေကြ တုန်းပဲ” ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းအပြင် နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်များ၊ သရုပ်ဆောင်အသစ်များလည်း ဟိုင်းကြီးကျွန်းသို့ ထပ်မံ ရောက်ရှိလာဦးမည်ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူ၏ပြောကြားချက်အရသိရသည်။

ကြယ်ညွှန်ရာသစ္စာ ဇာတ်ကားတွင် အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ အောင်ခိုင်၊ စိုးသီဟ၊ မိုးကောင်းကင်၊ ပိုင်စစ်မှူး၊ အောင်သီဟ၊ နေလင်းအောင်၊ ဟိန်းဇာကျော်၊ ရွှေပိုး၊ နေရဲထက်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီမေသဉ္ဇာဦး၊ ဝါဝါအောင်၊ မုဏ်း၊ ယဉ်လတ်၊ လှမျိုးသဉ္ဇာနွယ်၊ ဆုကဗျာ၊ မေအိန္ဒြေသန့်တို့ပါဝင် သရုပ်ဆောင်မည်ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူ၏ပြောကြားချက် အရ သိရသည်။

အဆိုပါ ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင်များသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်မှုများ၊ လူနေအိမ်အများပြားကို မီးရှို့ဖျက် ဆီးမှုများ၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုများနှင့် မတရားဖမ်းဆီးမှုများကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့သည့် စစ်ကောင်စီနှင့် ပူးပေါင်းကာ(၇၅) နှစ်မြောက် တပ်မတော်ရေနေ့ အထိမ်းအမှတ်ဇာတ်ကားတွင်ပါဝင် သရုပ်ဆောင်နေကြခြင်းဖြစ်သည်။

#Mizzima

#ဟိုင်းကြီးကျွန်း

#စစ်ကောင်စီထောက်ခံသူ

#အနုပညာရှင်များ

#တပ်မတော်ရေ

#ဇာတ်ကားရိုက်ကူး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly