ရိုးမားပရိသတ်တွေဆီကနေ သူရဲကောင်းတစ်ယောက်လို ကြိုဆိုမှုကို ရရှိခဲ့တဲ့ ဒိုင်ဘာလာ

ရိုးမားပရိသတ်တွေဆီကနေ သူရဲကောင်းတစ်ယောက်လို ကြိုဆိုမှုကို ရရှိခဲ့တဲ့ ဒိုင်ဘာလာ
Photos: AS Roma

ကစားသမားသစ်မိတ်ဆက်ပွဲအတွက် အင်္ဂါနေ့ညနေပိုင်းက စကွဲယား ကော်လီစီယံ (Square Colosseum) မှာ ရိုးမားပရိသတ် ၈,၀၀၀ ဝန်းကျင် စုဝေးရောက်ရှိနေချိန်မှာ ပေါ်လို ဒိုင်ဘာလာဟာ သူရဲကောင်းတစ်ယောက်လို ကြိုဆိုမှုကို ရရှိခဲ့ပါတယ်။

သူတို့ရဲ့နောက်ဆုံးခေါ်ယူမှုကို မိတ်ဆက်ပြသရင်း ပရိသတ်တွေက အီတလီမြို့တော်ရဲ့ လမ်းတွေပေါ်မှာ တန်းစီနေခဲ့ကြပါတယ်။ ရိုးမားဟာ စီးရီးအေပြိုင်ဘက် အင်တာမီလန်နဲ့ နာပိုလီတို့ရှေ့ ဒိုင်ဘာလာကို အရခေါ် ယူနိုင်ခဲ့တာပါ။

မိတ်ဆက်ပွဲညနေခင်းမှာ ဒိုင်ဘာလာဟာ သူ့ရဲ့ trademark အောင်ပွဲခံပုံစံကို ပြုလုပ်ပြခဲ့ပြီး ရင်သပ်ရှုမောဖွယ်ကြိုဆိုမှုတွေအတွက် ပရိသတ်တွေကို ကျေးဇူးတင်ရှိတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီနောက် ပရိသတ်များတွေက သူ့ကို ကလပ်အသင်းသီချင်းနဲ့ အော်ဟစ်သီဆိုနေချိန် အာဂျင်တီးနားသားဟာ စကွဲယား ကော်လီစီယံအပြင်ဘက် လှေကားထစ်တွေပေါ်မှာ ထိုင်နားထောင်နေခဲ့ပါတယ်။

ဒီနာမည်ကျော်သီချင်းကို ကလပ်ရဲ့ စတာဒီယို အိုလံပီကို (Stadio Olimpico) မှာ အိမ်ကွင်းပွဲစဉ်တိုင်း ကြားနေကျအတိုင်း ကြားနိုင်ပါတယ်။ ရိုးမားအသင်းရဲ့ အရောင်တွေနဲ့ လင်းထိန်နေတဲ့ စကွဲယား ကော်လီစီယံ(Square Colosseum) မှာ ကလပ်အလံတွေ ဝှေ့ယမ်းကြိုဆိုနေတဲ့ ပရိသတ်တွေကို တွေ့ရမှာပါ။

သတင်းတွေအရ လူပေါင်း ၅၀,၀၀၀ ကလည်း ဒိုင်ဘာလာရဲ့ ကစားသစ်မိတ်ဆက်ပွဲကို YouTube မှာ တိုက်ရိုက်ထုတ်လွှင့်မှုကတစ်ဆင့် ကြည့်ရှုခဲ့ကြပါတယ်။

အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ ၂၀၂၁-၂၂ ရာသီကုန်မှာ ဂျူဗင်တပ်စ်ကနေ ထွက်ခွာခဲ့ပြီးဟိုဆေးမော်ရင်ဟိုရဲ့ ရိုးမားအသင်းနဲ့ တစ်နှစ်ပေါင် ၅ သန်းတန်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

“ရောမမြို့မှာ ကျနော်တို့တတွေက လူတွေကို မတူခြားနားစွာ ကြိုဆိုပါတယ်”လို့ ကလပ်က မယုံနိုင်လောက်စရာ မြင်ကွင်းတွေကို ဗီဒီယိုနဲ့အတူ ရေးသားခဲ့ပါတယ်။

ကြိုဆိုပွဲအပြီး ဒိုင်ဘာလာက "ဒီနေ့တော့ ဒါတွေအားလုံးကို တွေ့ကြုံခဲ့ရပြီး Curva Sud (ရိုးမားအသင်း အမာခံပရိသတ်များကြည့်ရှုလေ့ရှိတဲ့) ပွဲကြည့်စင်ရှေ့ အိုလံပီကိုကွင်းထဲ ပြေးလွှားဖို့ မစောင့်နိုင်တော့ဘူးဆိုတာကို ကျနော် သဘောပေါက်လာပါတယ်။"လို့ ပြောပါတယ်။

ဒိုင်ဘာလာဟာ စနေနေ့ မှာ မော်ရင်ဟိုရဲ့ အသင်းဟောင်းဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ရိုးမားတို့ အစ္စရေးမှာ ကစားမယ့် ပထမဆုံးပွဲဦးထွက်ပါဝင်လာဖွယ်ရှိပါတယ်။

စပါးအသင်းဟာ လွန်ခဲ့တဲ့ရာသီအနည်းငယ်က ဂျူဗင်တပ်ကနေ ဒိုင်ဘာလာ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းထွက်လာချိန်က အာဂျင်တီးနားလက်ရွေးစင်ကစားသမားကို ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly