တော်လှန်ရေးအရှိန်မြှင့်ရန် တူမီးထီအရောင်းကိုယ်စားလှယ်များ ဖိတ်ခေါ်

တော်လှန်ရေးအရှိန်မြှင့်ရန် တူမီးထီအရောင်းကိုယ်စားလှယ်များ ဖိတ်ခေါ်

ဇူလိုင်လ ၂၇ ရက်

ချင်းတော်လှန်ရေးတွင် တစ်တပ်တစ်အားပါဝင်နိုင်သည့် အခွင့်အရေးဖြစ်မည့် တူမီးထီရောင်းအား ပိုမိုမြင့် မားပြီး တော်လှန်ရေးအရှိန်မြှင့်နိုင်ရန် တူမီးထီအရောင်းကိုယ်စားလှယ်များ လျှောက်ထားနိုင်ကြောင်း Chin Relief Funding Program (CRFP) မှ ဖိတ်ခေါ်ထားသည်။

တူမီးထီအရောင်းကိုယ်စားလှယ်လျှောက်လွှာကို တစ်ဉီးချင်းအနေဖြင့် လျှောက်ထားနိုင်ပြီး ဩဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံးတင်သွင်းနိုင်ကြောင်း ဆိုသည်။

တူးမီးထီအရောင်းကိုယ်စားလှယ်များအနေဖြင့် ရောင်းရငွေထဲမှ သတ်မှတ်ထားသည့် ရာခိုင်နှုန်းများ ခံစား ခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။

တူမီးထီအစီအစဉ်မှရရှိသည့် ငွေကြေးအားလုံးသည် ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ အတွက်အသုံးပြုလျက်ရှိပြီး တော်လှန်ရေးအရှိန်မြှင့်နိုင်ရန်အတွက် ယခုကဲ့သို့ အရောင်းကိုယ်စားလှယ် များဖိတ်ခေါ်နေခြင်းဖြစ်ကြောင်းဆိုသည်။

အရောင်းကိုယ်စားလှယ်များအနေဖြင့် CRFP မှ သတ်မှတ်ထားသော နှုန်းထားများအတိုင်းရောင်းချပြီး တူမီးထီရောင်းရငွေနှင့်စာရင်းများကို နှစ်ပတ်တစ်ကြိမ်အပ်နှံရမည်ဖြစ်ကြောင်း အရောင်းကိုယ်စားလှယ် များလိုက်နာရန်စည်းကမ်းများသတ်မှတ်ထားသည်။

တူမီးထီတစ်စောင်အား အမေရိကန်ဒေါ်လာ ငါးဒေါ်လာဖြင့် ရောင်းချလျက်ရှိပြီး ဆုကြေးငွေသည် ရောင်း ရသည့် အရေအတွက်ပေါ်မူတည်ပြီး အပြောင်းအလဲရှိကြောင်းနှင့် အပတ်စဉ်(၃)ကံထူးရှင်ရွေးချယ်ပွဲအား ဇူလိုင်လ ၃၁ ရက်နေ့တွင် ရွေးချယ်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly