တရုတ်က ဂျပန်၊ တောင်ကိုရီးယားနှင့် အီးယူမှ သံမဏိထုတ်ကုန်များအပေါ် စုပုံခွန် တန်ပြန်စည်းကြပ်ခြင်းကို သက်တမ်းတိုးမည်

တရုတ်က ဂျပန်၊ တောင်ကိုရီးယားနှင့် အီးယူမှ သံမဏိထုတ်ကုန်များအပေါ် စုပုံခွန် တန်ပြန်စည်းကြပ်ခြင်းကို သက်တမ်းတိုးမည်

တရုတ်နိုင်ငံက ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပသမဂ္ဂ(အီးယူ) တို့မှတင်သွင်းသော လျှပ်စစ်ပိုင်းသုံး သံမဏိများအပေါ် စုပုံခွန် တန်ပြန်စည်းကြပ်ခြင်းကို သက်တမ်းတိုးသွားမည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၂ ရက်တွင် ပြောသည်။

စည်းကြပ်ခွန်များကို ဇူလိုင် ၂၃ ရက်မှစ၍ ၅ နှစ်သက်တမ်းတိုးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တန်ပြန်စုပုံခွန်တင်းကြပ်မှုနှုန်းများကို JFE Steel နှင့် Nippon Steel အပါအဝင် ဂျပန်ကုမ္ပဏီများအတွက် ၃၉ ရာခိုင်နှုန်းမှ ၄၅ ဒသမ ၇ ရာခိုင်နှုန်း၊ ကိုရီးယားကုမ္ပဏီများအတွက် ၃၇ ဒသမ ၃ ရာခိုင်နှုန်းနှင့် အီးယူကုမ္ပဏီများ အတွက် ၄၆ ဒသမ ၃ ရာခိုင်နှုန်းသတ်မှတ်ထားသည်။

ကမ္ဘာ့သံမဏိထုတ်လုပ်မှု၌ ထိပ်တန်းဖြစ်သော တရုတ်သည် လွန်ခဲ့သော ၅ နှစ်အတွက် စည်းကြပ်ခွန်သက်တမ်း ကုန်ဆုံးသွားသည့် ဂျပန်၊ တောင်ကိုရီးယားနှင့် အီးယူတို့မှ သံမဏိလိပ်များနှင့်ပတ်သက်ပြီး ယမန်နှစ် ဇွန်လက တန်ပြန်စုပုံခွန်တင်းကြပ်မှု ဆိုင်ရာ စုံးစမ်းစစ်ဆေးမှုများ စတင်ခဲ့သည်။

တစ်နှစ်ပတ်လုံး စုံစမ်းမှုအပြီး၌ စည်းကြပ်မှုများ ပြန်လည်လုပ်ဆောင်ခဲ့သည်။

တရုတ်သံမဏိထုတ်လုပ်ရေးကုမ္ပဏီများဖြစ်သည့် China Baoshan Iron and Steel နှင့် Beijing Shougang တို့က စည်းကြပ်ခွန်များရပ်ဆိုင်းခြင်းသည် ပြည်တွင်းသံမဏိကဏ္ဍကို ထိခိုက်စေပြီး လျှော့ဈေးဖြင့် ရောင်းရ နိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။

လျှပ်စစ်ပိုင်းဆိုင်ရာ သံမဏိ သို့မဟုတ် ဆီလီကွန်စတီးများကို ထရန်စဖော်မာများတွင် အသုံးပြုကြပြီး ကာဗွန်သံမဏိထက် ပိုဈေးကြီးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly