ရိုဟင်ဂျာသပိတ်စစ်ကြောင်းကို ဦးဆောင်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာ ဆရာမတစ်ဦး 

ရိုဟင်ဂျာသပိတ်စစ်ကြောင်းကို ဦးဆောင်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာ ဆရာမတစ်ဦး 

ဇူလိုင်လ ၂၆ ရက်

“ ရိုဟင်ဂျာသပိတ်စစ်ကြောင်း ထွက်မယ်လို့ပြောလိုက်တာနဲ့တင် ပထမ ကျွန်မတို့ သပိတ်စစ်ကြောင်းကို ဝိုင်းရံသူတွေတောင်မှ တချို့တွေအများကြီးကျန်သွားတယ်။မလိုက်နိုင်ကျဘူး။ ဒါပေမဲ့ ကျွန်မရဲ့ မိတ်ဆွေတွေ၊ ကလေးတွေ၊ တပည့်တွေ၊ သူငယ်ချင်းတွေ ပါတယ်။ သူတို့တွေထဲကမှ ဗုဒ္ဓဘာသာသပိတ်စစ်ကြောင်းက Defense လိုင်းတွေအနေနဲ့ကူညီပေးတယ်။ ဘာလို့လဲဆိုရင် အမတို့အနေနဲ့ ထွက်လို့ရှိရင် လူနည်းစုအနေနဲ့ ပြီးတော့ အစ္စလမ်ဘာသာဝင်တွေဖြစ်တဲ့အတွက် ကြည့်လိုက်တာနဲ့ ရိုဟင်ဂျာဆိုတာသိသာတယ်။ ဒီအလံကြီးနဲ့ဆိုတော့ တခုခုအန္တရာယ် တစ်စုံတစ်ခုကျသွားခဲ့ရင် ကျနော်တို့တွေလည်း ရှိနေမယ်ဆိုပြီတော့ ကျွန်တော်တို့ကလေးတွေက Defense လိုင်းလုပ်ပေးတယ်။ Defense လိုင်းလိုက်လုပ်ပေးနေတဲ့သူတွေ အားလုံးက ဗုဒ္ဓဘာသာဝင်တွေဖြစ်တယ် ”

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မတရားသိမ်းယူခဲ့ပြီးနောက် အာဏာသိမ်းမှုကိုလက်မခံသည့် ပြည်သူအများအပြား လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 ထိုသို့ နေရာအနှံ့ သပိတ်စစ်ကြောင်းများ  ထွက်ပေါ်လာသည့် အထဲတွင် ရိုဟင်ဂျာလူမျိုးစု၏အလံကို ကိုင်ဆောင်ပြီး ရိုဟင်ဂျာသပိတ်စစ်ကြောင်းလည်း ထွက်ပေါ်လာခဲ့သည်။

အဆိုပါသပိတ်စစ်ကြောင်းကိုဦးဆောင်ခဲ့သူ ဖက်ရှင်ဒီဇိုင်နာဆရာမ ရိုသင်းသင်းလှိုင်ကို မဇ္ဈိမက  တွေ့ဆုံမေးမြန်ထားပါသည်။

ရိုက်ကူး/တည်းဖြတ် ဟန်ထူးဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly