နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်ပေးခြင်းအပေါ် တောင်ပိုင်းစစ်ဒေသ၏ အဓိဌာန်

နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်ပေးခြင်းအပေါ် တောင်ပိုင်းစစ်ဒေသ၏ အဓိဌာန်

ဇူလိုင်လ ၂၆ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် တောင်ပိုင်းစစ်ဒေသ သတင်းနှင့်ပြန်ကြားရေးကထုတ်ပြန်သော ကာကွယ်ရေးတပ်များလေ့ကျင်မှု ရုပ်သံဗီဒိယိုဖိုင်ဖြစ်ပါသည်။ 

ဗီဒီယိုဖိုင်ထဲတွင် သင်တန်းမှူး၏မိန့်ခွန်းပြောကြားမှုလည်းပါဝင်ပြီး ဇူလိုင်လ ၂၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ကို စစ်ကောင်စီက သေဒဏ်ပေးခြင်းကိုလက်တုံ့ပြန်ရန် ကြိုးစားမည်ဖြစ်ကြောင်း သတင်းစကားပါးသွားသည်ကိုတွေ့ရသည်။ 

လူမဆန်သည့် အကြမ်းဖက်စစ်ကောင်စီကို အဆုံးသတ်ဖို့အတွက် ဒီထက်ပိိုမိုစည်းလုံးပြီးတော်လှန်ရေးကို အရှိန်မြှင့်တင်ရမည်ဖြစ်ကြောင်းလည်း လေ့ကျင့်ရေးရဲဘော်များက သံဓိဌာန်ပြုကြသည်ကိုလည်းတွေ့ရသည်။
  
ကြိုးပေးသတ်ဖြတ်မှုမပြုခင် ဦးဂျင်မီက ပြောဆိုခဲ့သည့် "သရဏဂုံမတင်နိုင်ဘူး ကျုပ်တို့တော်လှန်ရေးလုပ်နေတာ” နှင့် "တော်လှန်မျိုးသေရိုးမရှိ” တို့ကို တော်လှန်ရေးတပ်က သံပြိုင်ကြွေးကျော်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly