ရန်ကုန်တွင် စစ်ကောင်စီက တရားမဲ့ ကြိုးပေး သတ်ဖြတ်ခြင်းအပေါ် လူထုလှုံ့ဆော် ဟောပြော လှုပ်ရှား

ရန်ကုန်တွင် စစ်ကောင်စီက တရားမဲ့ ကြိုးပေး သတ်ဖြတ်ခြင်းအပေါ် လူထုလှုံ့ဆော် ဟောပြော လှုပ်ရှား

ဇူလိုင်လ ၂၆ ရက်

ရန်ကုန်မြို့တွင် စစ်ကောင်စီက တရားမဲ့ ကြိုးပေး သတ်ဖြတ်ခြင်းအပေါ် ကန့်ကွက်ရှုတ်ချခြင်း တစ်ကိုယ်တော် လူထုလှုံ့ဆော် ဟောပြောလှုပ်ရှားမှု ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြုလုပ်သည့် ရုပ်သံပေးပို့လာသည်။

ဦးဂျင်မီ ၊ ဦးဖြိုးဇေယျာသော် ၊ ဦးအောင်သူရဇော် ၊ ဦးလှမျိုးအောင်တို့အား ကြိုးပေး သတ်ဖြတ်ခဲ့ကြောင်း ယမန်နေ့ မနက်ပိုင်းက စစ်ကောင်စီက ကြေညာသည်။ 

“ဤသည်မှာ ယုတ်မာရိုင်းစိုင်းသောအပြုအမူတစ်ရပ်ဖြစ်ပြီး ကျွန်ုပ်တို့အနေနှင့် လုံးဝ လက်ခံနိုင်စရာမရှိပါ”ဟု လူငယ်များသမဂ္ဂ- ဗဟိုက မှတ်ချက်ပြုထားသည်။ ယခုလှုပ်ရှားမှုကို လူငယ်များသမဂ္ဂ-ဗဟိုက လှုပ်ရှားဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly