“တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့ သရဏဂုံမတင်နိုင်ဘူး” ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်း 

“တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့ သရဏဂုံမတင်နိုင်ဘူး” ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်း 

ဇူလိုင်လ ၂၆ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများ   စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြမှု ၅၀၂ ရက်မြောက်အဖြစ် ယနေ့ ဇူလိုင် ၂၆ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့ သရဏဂုံ မတင်နိုင်ဘူး” စာတမ်း ကိုင်စွဲပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း သည် မတ်လ ၉ ရက် ၂၀၂၁ နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly