စစ်သားစစ်စစ်များ အလိုရှိသည်(ဆောင်းပါး)

26 July 2022
စစ်သားစစ်စစ်များ အလိုရှိသည်(ဆောင်းပါး)

“ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်…
တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်…
ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်…..”
ဒီသီချင်းက မြန်မာ့တပ်မတော်ဖခင်ကြီးလို့ သတ်မှတ်ဂုဏ်ပြုရသူ ဗိုလ်ချုပ်အောင်ဆန်းကိုရော၊ ဗမာ့လွတ်လပ်ရေးတပ်မတော် ခေါ် ဘီအိုင်အေရဲ့ မူလဂုဏ်ပုဒ်တွေကို ချီးကျူးဖွဲ့ဆိုထားတဲ့ သီချင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အတွင်းက ကျောင်းသုံးသင်ရိုးဖတ်စာအုပ်တွေထဲကနေ သင်ကြားပို့ချပေးတာ မှန်သမျှကလည်း ဘီအိုင်အေကသာလျှင် တစ်နိုင်ငံလုံးသူ့ကျွန်ဘဝကနေ လွတ်မြောက်အောင်ကယ်တင်ပေးခဲ့ ကျေးဇူးရှင်ကြီးလို ပုံဖော်ထားလေ့ရှိတယ်။ အလုံးစုံ မှားတာမဟုတ်ပေမဲ့ ထိမ်ချန်ထားတဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေ အများကြီးကျန်နေပါတယ်။
#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly