မတူပီမြို့နယ် လေမျိုတံတားအနီးတွင် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

26 July 2022
မတူပီမြို့နယ် လေမျိုတံတားအနီးတွင် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

ချင်းပြည်နယ် မတူပီမြို့နယ် လေမျိုးတံတားအနီးတွင် ဇူလိုင် ၂၅ ရက်နေ့က စစ်ကောင်စီတပ်များနှင့် ဒေသခံကာကွယ်ရေးတပ် CDF-မတူပီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးခဲ့ပြီး လေးဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ မနေ့က နေ့လည်ပိုင်းမှာ သေနတ်သံတွေ တော်တော်ကြားရတယ်။ လက်နက်ကြီးသံတွေလည်းကြားရ တယ်။ မတူပီမြို့ပေါ်ကနေ စစ်ကားတွေလည်း လေမျိုချောင်းဖက် ဆင်းသွားကြတယ်။ အရင်က လေမျို ဂိတ်မှာပဲ စစ်တပ်က ဂိတ်စောင့်အနေနဲ့ရှိတာလေ” ဟု မတူပီမြို့ခံတစ်ဦးကပြောသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့်ထိတွေ့သည့်တပ်ရင်းမှာ CDF-မတူပီ တပ်ရင်း(၁)ဖြစ်ပြီး အထိအခိုက်အကျ ဆုံးမရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

video - ဇူလိုင်လအတွင်း CDF-မတူပီနှင့် စကစ တပ်များမတူပီမြို့နယ် ရဲန်ခဲန်းကျေးရွာ-အမ်လိုင်းကျေးရွာကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲရုပ်သံဖြစ်သည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှအရာခံဗိုလ်အပါအဝင်သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

#Mizzima

#ချင်းပြည်နယ်

#CDF-မတူပီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly