ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာနိုင်ငံသားအများအပြား ဆန္ဒပြ

26 July 2022
ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာနိုင်ငံသားအများအပြား ဆန္ဒပြ

ထိုင်းအစိုးရအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်သည့် ဆက်ဆံမှုမပြုလုပ်ရန် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့ ဇူလိုင်လ၂၆ ရက် နံနက် ၁၁ နာရီအချိန်မှစတင်ကာ မြန်မာနိုင်ငံသားအများအပြား တောင်းဆိုဆန္ဒပြနေကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်၍ ထိုင်းအစိုးရ၏ ရပ်တည်မှုမပြတ်သားသည့် အပေါ် ယနေ့တွင် ထိုင်းနိုင်ငံတစ်ဝန်းဆန္ဒပြတောင်းဆိုရန်နှင့် ဖေ့စ်ဘွတ်ခ်ကာဗာ အနီရောင်ပုံချိန်း၍ပါဝင်ရန် ထိုင်းရောက်မြန်မာ့အလုပ်သမားအင်အားစုအသင်းမှ တိုက်တွန်းထားသည်။

"မြန်မာပြည်သူတွေရဲ့အသံကို မြင်နိုင်သိနိုင်အောင်လို့ပါ။ အားလုံးပါဝင်ပေးစေချင်ပါတယ်"ဟု ဆန္ဒပြပွဲဦးဆောင်သူတစ်ဦး ကပြောသည်။

ထို့ပြင် စစ်ကောင်စီနှင့်ပတ်သက်ခြင်းမရှိရန်နှင့် မြန်မာပြည်သူများ၏ သဘောထားဆန္ဒများကိုရေးသားထားသည့် စာကိုလည်း ထိုင်းအစိုးရထံပေးပို့သွားမည်ဟုလည်း ဦးဆောင်သူများက ကြေညာထားသည်။

#Mizzima

#ဘန်ကောက်

#မြန်မာသံရုံး

#ဆန္ဒပြ

#ထိုင်းအစိုးရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly