တရုတ်က အမျိုးသားလုံခြုံရေးဥပဒေသုံးကာ ဟောင်ကောင်ပြည်သူများ၏ လွတ်လပ်ခွင့်ကို ဖိနှိပ်နေ

တရုတ်က အမျိုးသားလုံခြုံရေးဥပဒေသုံးကာ ဟောင်ကောင်ပြည်သူများ၏ လွတ်လပ်ခွင့်ကို ဖိနှိပ်နေ

တရုတ်အစိုးရကပြဋ္ဌာန်းထားသော ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေကြောင့် အတိုက်အခံ နိုင်ငံရေးသမား ဟောင်းများနှင့် ထင်ရှားကျော်ကြားသော ဂျာနယ်လစ်များ ထိန်းသိမ်းခံခဲ့ရသလို အခြားလူများစွာ၏ လွတ်လပ်ခွင့်မှာလည်း ပိတ်ပင်ခံခဲ့ရသည်။
 
တရုတ်သည် ၂၀၂၀ ခုနှစ် ဇွန် ၃၀ က ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းခဲ့ပြီး အတိုက်အခံ နိုင်ငံရေးသမားဟောင်းများနှင့် ထင်ရှားကျော်ကြားသော သတင်းထောက်များကို ယင်းဥပဒေအရ ထိန်းသိမ်း ခဲ့သည်။

ဟောင်ကောင်နှင့် တရုတ်အာဏာပိုင်များသည် ပြည်သူများ၏ လွတ်လပ်ခွင့်များကို တားမြစ်သည့် ဥပဒေသစ်၏ အတိုင်းအတာနယ်ပယ်ကို ကန့်သတ်ထားခြင်းမရှိကြောင်း ပက်ထရစ်ပွန်းက Asia Nikkei တွင် ရေးသားထားသည်။

ပြည်သူများသည် ယခင်က လူအများအကြားနှင့် သီးသန့်အနေဖြင့် လူ့အခွင့်အရေးကိစ္စရပ်များကို ပြောဆိုနိုင်ခဲ့ကြပြီး တက္ကသိုလ်များ၌လည်း ထိုသို့သော ဆွေးနွေးပွဲများ ကျင်းပလေ့ရှိသည်။
 
သို့သော် ယခုအခါ ပြည်သူများသည် အမျိုးသားလုံခြုံရေးဥပဒေကြောင့် ထိုသို့သော လှုပ်ရှားမှုများကို မလုပ်ဆောင်မီကပင် တွန့်ဆုတ်နေကာ မိမိကိုယ်ကို ထိန်းချုပ်နေရသည်။

ယခင်က ရဲတပ်ဖွဲ့သည် ဦးဆောင်သူများနှင့် ဆန္ဒပြပွဲပြုလုပ်မည့်လမ်းကြောင်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့မှုများ ရှိခဲ့သလို အစီအစဉ်အား ရဲထံအကြောင်းကြားသည့်အခါ ကန့်ကွက်မှုတစ်စုံတစ်ရာမရှိခဲ့ဘဲ ရဲတပ်ဖွဲ့၏ ခွင့်ပြုချက်မလိုဘဲ စုဝေးပွဲများ ကျင်းပခဲ့ကြသည်။

အခြေအနေများသည် ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး ဗစ်တိုးရီးယားပန်းခြံကဲ့သို့ ဆန္ဒပြနေရာများမှ လူစုခွဲခြင်း မပြုပါက ရဲတပ်ဖွဲ့က ထိုသူများကို စစ်ဆေးမေးမြန်းကာ တရားမဝင်စုဝေးမှုဖြင့် တရားစွဲဆိုခံရမည်ဖြစ်ကြောင်း သတိပေးထားသည်။

သို့သော် အကြမ်းမဖက်ပြစ်မှုများဖြင့် စွပ်စွဲခံရသူများသည် ယခုအါ ကနဦးထိန်းသိမ်းခံ ထားရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ အာမခံလျှောက်ထားမှုနှင့်ပတ်သက်၍ အသေးစိတ်အစီရင်ခံခြင်း အပေါ်ကိုလည်း တရားရုံးက ကန့်သတ်ချက်များ ထားရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required