တရုတ်က တိဗက်၏ သဘာဝရင်းမြစ်ကြွယ်ဝမှုများကို ခေါင်းပုံဖြတ်အမြတ်ထုတ်နေ

တရုတ်က တိဗက်၏ သဘာဝရင်းမြစ်ကြွယ်ဝမှုများကို ခေါင်းပုံဖြတ်အမြတ်ထုတ်နေ

တရုတ်က တိဗက်ဒေသ၏ သဘာဝအရင်းအမြစ် ကြွယ်ဝမှုများကိုသာ စိတ်ဝင်စားနေပြီး ကမ္ဘာ့အမြင့်ဆုံးဖြစ်သည့် ယင်းဒေသကို ချုပ်ကိုင် ခြယ်လှယ်နိုင်ရန် ပထဝီနယ်မြေပိုင်နက်အား ပြောင်းလဲနေကြောင်း လူ့အခွင့်အရေးအဖွဲ့ များက ပြော့ကြားသည်။

‌တရုတ်သည် တိဗက်ကို တင်းကျပ်စွာ ချုပ်ကိုင်နေသလို အခြေခံအခွင့်အရေးများကိုလည်း အကွက်ကျစွာ ဖိနှိပ်နေ ကြောင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများအား ထိန်းချုပ်နေကြောင်း အဆိုပါ အုပ်စုများက ပြောသည်။

‌‘၁၉၅၁ခုနှစ်နောက်ပိုင်း တိဗက်ဒေသ-- လွတ်မြောက်မှုနှင့် ဖွံ့ဖြိုးမှု’ အမည်ရှိ တရုတ်အစိုးရ၏ စာမျက်နှာ ၄၀ ပါ စာတမ်းတစ်‌စောင်တွင် တရုတ်အစိုးရက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများအပေါ် ထည့်သွင်းမစဉ်းစားသည့်အချက်ကို တွေ့မြင်ရသည်။

အဆိုပါစာတမ်းတွင် အဓိကဖော်ပြထားသည့်အကြောင်းအရာများမှာ ဖွံ့ဖြိုးရေးလုပ်ငန်း၊ ဆည်များ ထပ်မံတည်ဆောက်ရေး၊အခြေခံအဆောက်အဦပိုင်းဆိုင်ရာ အစီအစဉ်သစ်များဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမည့်အချက်ကို ထည့်သွင်းမစဉ်းစားကြောင်း မူဝါဒသုတေသနအုပ်စု (poreg) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

သန့်ရှင်းသော စွမ်းအင်ရင်းမြစ်မှ ထုတ်လုပ်သည့်လျှပ်စစ်သည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျော့ကျစေမည်ဟု တရုတ်က ပြောဆိုသော်လည်း တိဗက်ပြည်သူများအနဖြင့် ယင်းစီမံကိန်းများမှ ရရှိသည့်အကျိုးများကို မခံစားစရသလို ညအချိန်များတွင်လည်း လျှပ်စစ်မီးမရရှိဘဲ ဓာတ်အားများကို တရုတ်နိုင်ငံ အတွင်းရှိ မီးပြတိုက်များနှင့် နို်ငငံအတွင်းရှိ စက်များအတွက် သုံးစွဲခဲ့သည်။ 

တည်ဆောက်ထားသော အကြီးစားဆည်များကြောင့် တိဗက်ဒေသ၏ ဂေဟစနစ်ကို ထိခိုက်မှုရှိနေသလို အမှိုက်သရိုက်များ စုပုံသည့် နေရာတစ်ခုလည်း ဖြစ်နေသည်။ တရုတ်ကြောင့် တိဗက်၏ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုသည် မြစ်များကို ခမ်းခြောက်စေခြင်း၊ ရေခဲတောင်များ အရည်ပျော်ခြင်းနှင့် ရေခဲပြင်များအရည်ပျော်ခြင်း၊ ရေကြီးခြင်း၊ မြက်ခင်းပြင်များ ဆုံးရှုံးခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly