" တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့သရဏဂုံမတင်နိုင်ဘူး မင်းတို့သတ်ချင် ဒီတိုင်းသတ်" ဆိုသည့် ရွှေနွယ်သွေးသပိတ်

" တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့သရဏဂုံမတင်နိုင်ဘူး မင်းတို့သတ်ချင် ဒီတိုင်းသတ်" ဆိုသည့် ရွှေနွယ်သွေးသပိတ်

ဇူလိုင်လ ၂၅ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၌ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည်  " တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့သရဏဂုံမတင်နိုင်ဘူး မင်းတို့သတ်ချင် ဒီတိုင်းသတ်"  စာသားပါ ဘန်နာကို စွဲကိုင်၍ ယနေ့ ဇူလိုင်လ ၂၅ ရက် နေ့တွင် ချီတက်သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။

“ သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း”သည် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို မတရားသတ်ဖြတ်သည့်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၄၉ရက်မြောက်နေ့အဖြစ် ချီတက်ဆန္ဒပြခဲ့ကြခြင်းဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly