"တော်လှန်ရေး အတွက်လုပ်နေတာ ငါတို့သရဏဂုံမတင်နိုင်ဘူး မင်းတို့သတ်ချင်ဒီတိုင်းသတ်" ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ပြည်သူများ ချီတက်ဆန္ဒပြ

"တော်လှန်ရေး အတွက်လုပ်နေတာ ငါတို့သရဏဂုံမတင်နိုင်ဘူး မင်းတို့သတ်ချင်ဒီတိုင်းသတ်" ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ပြည်သူများ ချီတက်ဆန္ဒပြ

ဇူလိုင်လ ၂၅ ရက်

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်ကော်မတီက ယနေ့ဇူလိုင်လ ၂၅ရက်နေ့တွင် စစ်ကောင်စီ၏ သေဒဏ်ချမှတ်လိုက်သည့်အပေါ် ကန့်ကွက်ချီတက် ဆန္ဒပြကြကြောင်း သိရသည်။

အဆိုပါချီတက်ဆန္ဒပြရာတွင် စစ်ကောင်စီက သေဒဏ်ချမှတ်ခြင်းအပေါ် ဒေသခံပြည်သူများက "တော်လှန်ရေး အတွက်လုပ်နေတာ ငါတို့သရဏဂုံမတင်နိုင်ဘူး မင်းတို့သတ်ချင်ဒီတိုင်းသတ်"ဆိုသည့် စာတန်းကိုင်၍ ကြွေးကြော်ချီတက် ကန့်ကွက်ကြခြင်း ဖြစ်သည်။

စစ်ကောင်စီမှယခုကဲ့သို့ လူမဆန်စွာရက်စက်သတ်ဖြတ်မှုများ ကျူးလွန်လာသည်မှာ အကြိမ်အရေအတွက်လည်း များလာသည်ဟု ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီက မှတ်ချက်ပြုထားသည်။

“စစ်ကောင်စီအနေနဲ့ အာဏာတည်မြဲရေးအတွက်သွေးအေးအေးနဲ့ လုပ်ဆောင်နေသလိုမျိုး ကျနော်တို့ လူထုအနေနဲ့ကလည်း စစ်ကောင်စီကိုအချိန်တိုင်း တော်လှန်ဖို့လိုအပ်ပါတယ်၊ ပြည်သူများအနေနဲ့ စိတ်နဲ့ဝမ်းနည်းနေမဲ့အစား ကိုယ် တတ်နိုင်တဲ့ဘက်ကနေ ရုန်းထတော်လှန်ပြီး စစ်ကောင်စီကို အမြစ်ဖြတ်ဖို့ တိုက်တွန်းအပ်ပါသည်”ဟုလည်း တိုက်တွန်းထားသည်။

ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ အပါအဝင် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အားစစ်ကောင်စီက သေဒဏ်စီရင်လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှ ယနေ့တွင် ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly