အသင်းဖော် ဂျက်ဂရီးလစ်ရှ်နဲ့ ပတ်သက်လို့ မှတ်ချက်ပြုသွားတဲ့ ဟာလန်း

အသင်းဖော် ဂျက်ဂရီးလစ်ရှ်နဲ့ ပတ်သက်လို့ မှတ်ချက်ပြုသွားတဲ့ ဟာလန်း
Photo: EPA

ဂျက်ဂရီးလစ်ရှ်ဟာ “အခုထက် ပိုကောင်းလာဉီးမှာပါ”လို့ ဒီနွေရာသီမှာ မန်ချက်စတာစီးတီးကို ရောက်ရှိလာတဲ့ အာလင်း ဟာလန်းက ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲမှာ ကလပ်ကို ရောက်ရှိလာပြီးနောက်ပိုင်း သူ့ရဲ့ပထမဆုံးဂိုးကို နော်ဝေလက်ရွေးစင်က သွင်းယူနိုင်ခဲ့ပြီးနောက် သူ့ရဲ့မှတ်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဟာလန်းဟာ ဒေါ့မွန်အသင်းကနေ ပေါင် ၅၁.၂ သန်းနဲ့ ရောက်ရှိလာပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ထိပ်တန်းအပြောင်းအရွှေ့ဖြစ်ခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာဖို့ အလားအလာ ရှိနေပါတယ်။

သူဟာ အသင်းသစ်နဲ့ အဖွင့်လှခဲ့သလို အင်္ဂလန်လက်ရွေးစင် ဂရီးလစ်ရှ်နဲ့ အတွဲမိဖို့လည်း ရှိနေပါတယ်။ သူ့ရဲ့သွင်းဂိုးအတွက်လည်း ဂရီလစ်ရှ်က ဖန်တီးပေးခဲ့တာပါ။

ဒါပေမယ့်လည်း ဟာလန်းက အက်စတွန်ဗီလာကစားသမားဟောင်းဟာ သူ့ရဲ့ကစားပုံ တိုးတက်မှုတွေရှိနေဆဲဖြစ်ကြောင်း အသားပေးပြောခဲ့ပါတယ်။

“ဂရီးလစ်ရှ်က ကစားသမားကောင်းတစ်ယောက်ပါ၊ သူက အခုထက်လည်း ပိုကောင်းလာဦးမှာပါ။ ကျနော်လည်း ပိုကောင်းလာဖို့ လိုအပ်ပါတယ်။” လို့ နော်ဝေးလက်ရွေးစင်က ပြောပါတယ်။ “ဒါပေမယ့် ဒါဟာ ကောင်းမွန်တဲ့ အချိတ်အဆက်တစ်ခုဖြစ်ပြီး သူ ကျနော်နားရှိတာက ခံစားချက် ကောင်းတာကြောင့် ပျော်စရာလည်းကောင်းလာမှာပါ”

ပွဲအပြီးမှာ တိုက်စစ်မှူးနှစ်ဦးစလုံးဟာ ကစားသမားများနှင့်အတူ နောက်ပြောင်ရယ်မောတာကို မြင်တွေ့ခဲ့ရပြီးကတည်းက သူတို့နှစ်ဦးဟာ ကွင်းအတွင်းနှင့် ပြင်ပမှာ ဆက်ဆံရေးကောင်းမွန်နေပုံရပါတယ်။

ဟာလန်းဟာ ရာသီကြို နိုင်ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့အတူ ပျော်ရွှင်နေတာနဲ့ ပတ်သက်လို့ ပြောဆိုခဲ့ပြီး သူ ရောက်ရှိလာတာက အသင်းကို မတူညီတဲ့ ပုံစံနဲ့ ကစားဖို့ တွန်းအားဖြစ်စေမှာကို အလေးထားကြောင်း ပြောကြားပါတယ်။ ပက် ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့ရာသီက အစဉ်အလာ နံပါတ် ၉ မပါဘဲ ကစားဖို့ ရွေးချယ်လေ့ရှိပြီး ကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်း၊ ဖီးလ်ဖိုဒန်နဲ့ ရာဟီးမ်စတာလင်တို့ကို ဦးစားပေးရွေးချယ်လေ့ရှိပါတယ်။

"ခင်ဗျားတို့အားလုံးသိတဲ့အတိုင်းပဲ ကျနော် ပြီးခဲ့တဲ့နှစ်က မန်စီးတီးပွဲတွေကို အများကြီးကြည့်ခဲ့ပြီး သူတို့ဟာ တိုက်စစ်မှူးမပါဘဲ ကစားခဲ့တယ်။ ဆိုတော့ ဒီနေ့ဒီလိုအခြေအနေမျိုးမှာ တိုက်စစ်မှူးနေရာမှာ ကိုယ့်ကိုယ်ကို မြင်နေနေရပြီမို့ ဒီကနေ့မှာတော့ မအံ့သြပါဘူး။"လို့ ဟာလန်းက ပြောဆိုသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly