မန္တလေး မောသစ်ရွှေဆိုင်ဓားပြမှု CCTV မှတ်တမ်းတင် ဗီဒီယိုထွက်ရှိလာ

မန္တလေး မောသစ်ရွှေဆိုင်ဓားပြမှု CCTV မှတ်တမ်းတင် ဗီဒီယိုထွက်ရှိလာ

ဇူလိုင်လ ၂၄ ရက်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တွင်း မောသစ်ရွှေဆိုင်ကို ယနေ့ (ဇူလိုင်လ ၂၄ ရက်) နေ့လယ်က ဓားပြတိုက်မှုနှင့်ပတ်သက်၍ CCTV မှတ်တမ်းတင် ဗီဒီယိုအွန်လိုင်းတွင် ထွက်ပေါ်လာသည်။

၁၂၅ လမ်း၊  ၅၈ လမ်းနှင့် ၅၉ လမ်းကြား (စ) ဈေးတိုက်တန်းမြောက်ဘက်တွင်ဖွင့်လှစ်ထားသော မောသစ်ရွှေဆိုင်ကို မွန်းလွဲ ၂ နာရီခန့်က  ဆိုင်ကယ်တစ်စီးဖြင့်လူနှစ်ဦးရောက်ရှိလာပြီး ဓားပြတိုက်သွားခဲ့ခြင်းဖြစ်သည်။

CCTV  မှတ်တမ်းဗီဒီယိုထဲတွင် ဆိုင်ကယ်ဦးထုပ်ဆောင်းထားသော လူနှစ်ဦးက သေနတ်ချိန်၍ ရွှေဆိုင်ကောင်တာများအတွင်းမှ ရွှေထည်ပစ္စည်းများကို အိတ်ထဲထဲ့ခိုင်းနေခဲ့သလို တစ်ဦးကတော့ ကိုယ်တိုင်ကိုယ်ကျပါဝင် သိမ်းကျုံးယူနေသည်ကို တွေ့ရသည်။

ရွှေဆိုင်ကောင်တာထဲရှိ ရွှေထဲပစ္စည်းများအားလုံးနီးပါးယူသွားခဲ့သလို ငွေသားကျပ်သိန်း ၆၀ လည်းပါသွားခဲ့သည်ဟု ဗီဒီယိုပါပြောစကားများအရ သိရသည်။

ရွှေထည်တစ်ပိသာခန့်အထိပါသွားကြောင်း သတင်းရင်းမြစ်တစ်ခုက မဇ္ဈိမသို့ပြောသည်။  သီးခြားအတည်ပြုချက်ရယူနိင်ခြင်းမရှိပါ။ 

သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဆိုင်ဝန်ထမ်းတစ်ဦး ခြေထောက်ဒဏ်ရာရခဲ့သည်ဟုလည်း အနီးနားနေသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။ 

မောသစ်ရွှေဆိုင်သည် ၂၀၂၁ခုနှစ် အောက်တိုဘာလတွင်လည်းသေနတ်ပစ်ဖောက်ဓားပြတိုက်ခံခဲ့ရပြီး ဆိုင်ရှင်အမျိုးသမီးသေနတ်ဒဏ်ရာရရှိခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly