လောင်းလုံးရှိ ခရီးသည်ကားပေါ်တွင် စစ်ဆေးတွေ့ရှိသည့် ပျူစောထီးအဖွဲ့ဝင်ဆိုသူ ပိုင်ဆိုင်သည့် အရက်၊ ဘီယာများဖျက်ဆီးခံရ

လောင်းလုံးရှိ ခရီးသည်ကားပေါ်တွင် စစ်ဆေးတွေ့ရှိသည့် ပျူစောထီးအဖွဲ့ဝင်ဆိုသူ ပိုင်ဆိုင်သည့် အရက်၊ ဘီယာများဖျက်ဆီးခံရ

ဇူလိုင်လ ၂၄ ရက်

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကြက်ယက်တွင်းရွာ အနီးရှိ လမ်းပိုင်း တစ်နေရာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၃ နာရီခန့်က လောင်းလုံး ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (LLPDF) ရဲဘော်များက တားဆီး စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ထိုသို့ စစ်ဆေးမှုများပြုလုပ်နေစဉ် ခရီးသည် ကားတစ်စီးပေါ်တွင် ပျူစောထီး အဖွဲ့ဝင်တစ်ဦး ပိုင်ဆိုင်သည့် အရက်၊ဘီယာများကို တွေ့ရှိရ၍ သိမ်းဆည်း ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း LLPDF အဖွဲ့ထံကသိရ သည်။

အဆိုပါ အရက်၊ဘီယာ ပါကင်များ သည် လောင်းလုံးမြို့နယ် ကျောက်နီးမော်ရွာတွင် နေထိုင်သည့် ပျူစောထီး အဖွဲ့ ခေါင်းဆောင် ဦးချစ်စမ်းမောင် ပိုင်သည့် ကုန်ပစ္စည်းများ ဖြစ်သည်ဟု (LLPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

“ကျွန်တော် အဖွဲ့က ဒီလမ်းပိုင်မှာ ကားနဲ့ အခြား ယာဉ်တွေကို စစ်ဆေးတာ ဖြစ်တယ်။ ဒီထဲကမှ ပျူစောထီး အဖွဲ့ဝင်ပိုင် ဖြစ်တဲ့ ကုန်ပစ္စည်းတွေကို တွေ့လို့ ဖမ်းဆီး ဖျက်ဆီးခဲ့တာ ဖြစ်တယ်”ဟု လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ (LLPDF) မှ တာဝန်ရှိသူက ပြော သည်။

ပျူစောထီး ခေါင်းဆောင် ဦးချစ်စမ်းမောင်သည် ကျောက်နီမော်ရွာရှိ ၎င်း၏ နေအိမ်တွင် အရက်ဆိုင် ဖွင့်ထားသူဖြစ်ပြီး စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီး အဖွဲ့ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်တွင် ဇူလိုင်လ ၁၆ ရက်နေ့ကစတင်၍ စစ်ကောင်စီ တပ်သား တစ်ဦးအပါအဝင် စစ်ကောင်စီ သတင်းပေးနှင့် ပျူစောထီးဆိုသူ ခြောက်ဦး အထိ သေနတ်နှင့် ပစ်ခံရပြီး သေဆုံးခဲ့ကြောင်း PDF နှင့် ဒေသခံများထံက သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly