ကနီမြို့နယ် ငါးဖျက်ကျေးရွာရှိ ပြည်သူများ၏နေအိမ် ၃ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ကနီမြို့နယ် ငါးဖျက်ကျေးရွာရှိ ပြည်သူများ၏နေအိမ် ၃ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ဇူလိုင်လ ၂၄ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ငါးဖျက်ကျေးရွာရှိ ပြည်သူများ၏ နေအိမ်သုံးလုံးကို စစ်ကောင်စီတပ်က ဇူလိုင်၂၃ ရက် နံနက် ၉ နာရီခန့်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကျွန်မတို့က စစ်ရှောင်နေရတာ သုံးရက်ရှိပြီ။ ရွာကိုမီးရှို့ပြီး စစ်ကောင်စီတပ်တွေ ထွက်သွားတာနဲ့ အကုန် ပြန်ပြီးမီးသတ်ခဲ့ကြလို့ ဆုံးရှုံးတာ သက်သာသွားတယ်။ အိမ်သုံးလုံးနဲ့ နွားတင်းကုပ်တွေ မီးထဲပါသွား တယ်” ဟု ဒေသခံပြည်သူတစ်ဦးကပြောသည်။

ကနီမြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုများကြောင့် တဇယ်ချောင်၊ ငါးဖျက်၊ ညောင်ပင်ဝန်း၊ မင်းကုန်းကျေးရွာများမှ ပြည်သူထောင်နှင့်ချီ၍ စစ်ရှောင်နေကြရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly