သီရိလင်္ကာရှိ စီမံကိန်းများက တရုတ်လူမျိုးများအတွက်သာ အလုပ်အကိုင်ဖန်တီးပေးပြီး အိမ်ရှင်အတွက် အကျိုးမရှိဖြစ်နေ

သီရိလင်္ကာရှိ စီမံကိန်းများက တရုတ်လူမျိုးများအတွက်သာ အလုပ်အကိုင်ဖန်တီးပေးပြီး အိမ်ရှင်အတွက် အကျိုးမရှိဖြစ်နေ

သီရိလင်္ကာတွင် လုပ်ရောက် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်၏ စီမံကိန်းများသည် ၎င်းတို့ လူမျိုးများအတွက်သာ အလုပ်အကိုင်ဖန်တီးပေးပြီး အိမ်ရှင်နိုင်ငံအတွက် အကုန်အကျများသလောက် အသုံးမဝင်သည့် စီမံကိန်းများဖြစ်ကြောင်း ချန်နိုင်းအခြေစိုက် မူဝါဒကျွမ်းကျင်သူ အင်န်ဆာသီယာမော်သီက ပြောသည်။

မူဝါဒရေးရာဝေဖန်သူ ဆာသီယာမော်သီက “တရုတ်ကြွေးမြီရဲ့ပြဿနာက ချေးငွေပြန်ဆပ်ဖို့ ဝင်ငွေပြန် မထုတ်ပေးနိုင်တဲ့ အသုံးမပြုကြတဲ့ မော်တော်ကားလမ်းလိုမျိုး အကျိုးမရှိတဲ့ စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံတာပါ။ တရုတ်နိုင်ငံက တရုတ်လူမျိုးတွေအတွက် အလုပ်အကိုင်ဖန်တီးပေးပေမယ့် သီရိလင်္ကာကတော့ အလုပ်အကိုင် ရော မိသားစုဝင်ငွေအရရော အကျိုးကျေးဇူးမရရှိပါဘူး” ဟု ANI နှင့် အင်တာဗျူးဖြေစဉ်ပြောကြားခဲ့သည်။

သီရိလင်္ကာအား များပြားလှသောငွေကြေးပမာဏချေးငှားသည့် တရုတ်နှင့်ပတ်သက်၍ ဆာသီယာက “ ဒါဟာ အများနားလည်ထားသလို ကြွေးမြီသံခင်းတမန်ခင်းမဟုတ်ပါဘူး။ သီရိလင်္ကာရဲ့ ပြည်ပကြွေးမြီထဲမှာ တရုတ်က ၁၀ ရာခိုင်နှုန်းလောက်ပဲ ပါပါတယ်။ သူ့ထက်မက ချေးငှားထားကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ရှိပါသေးတယ်” ဟု ဆိုသည်။

အဆိုပါစီမံကိန်းများနှင့်ပတ်သက်ပြီး သမ္မတသစ် ရာနီးလ်ဝစ်ကရီ မက်ဆင်းဂ်၏ ဖြစ်နိုင်ခြေရှိ သော ရည်တည်ချက်နှင့်ပတ်သက်၍ ဆာသီယာက တရုတ်သည် သီရိလင်္ကာနိုင်ငံမှ ရွေးကောက်တင်မြှောက်ထားသော ခေါင်းဆောင်နှင့် လက်တွဲလုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်းနှင့် ရာဂျာပက်ဆာဖြစ်စေ အခြားသူဖြစ်စေ ဆက်လက် ဆက်ဆံ လုပ်ကိုင်သွားလိမ့်မည် ဖြစ်ကြောင်း ထောက်ပြသည်။

ရာဂျာပက်ဆာက ဟမ်ဘန်တိုတာဆိပ်ကမ်းစီမံကိန်းကို ဖိတ်ခေါ်ခဲ့သော်လည်း ဆက်ခံသူများဖြစ်သည့် မိုင်သရီပါလာ ဆီရီဆန်နာနှင့် ရာနီးလ်ဝစ်ကရီမက်ဆင်းဂ်အစိုးရ (၂၀၁၅-၂၀၁၉) တို့က ပိုင်ဆိုင်မှုနှင့်နယ်မြေများ ကို တရုတ်ဆောက်လုပ်သူများထံ လွှဲပြောင်းပေးခဲ့ကြောင်း ဝေဖန်သုံးသပ်သူက ပြောသည်။

သီရိလင်္ကာလွတ်မြောက်ရေးပါတီမှ မိုင်သရီပါလာ ဆီရီဆန်နာသည် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၈ မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၈ ရက်အထိ သီရိလင်္ကာ၏ ၇ ဦးမြောက် သမ္မတအဖြစ် ထမ်းဆောင်ခဲ့သလို အမျိုးသား ညီညွတ်ရေး ပါတီမှ ရာနီးလ်ဝစ်ကရီ မက်ဆင်းဂ်က ၁၉၉၃ ခုနှစ် မေလ၊ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလ၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ၊ ၂၀၁၅ ခုနှစ် ဩဂုတ်လ၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၂ ခုနှစ် မေလ စသဖြင့် သမိုင်းတစ်လျှောက်တွင် အကြိမ်ပေါင်းများစွာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

နိုင်ငံကို တရုတ်ကြွေးမြီထောင်ချောက်ရောက် တွန်းပို့ခဲ့မှုအတွက် ရာဂျာပက်ဆာကို ပြစ်တင်ပြီးနောက် ရာနီးလ်ဝစ်ကရီ မက်ဆင်းဂ်အစိုးရသည်လည်း မော်တော်ကားလမ်းကဲ့သို့ ငွေကုန်ကြေးကျများပြီး အသုံးမဝင်သော အလားတူစီမံကိန်းများအတွက် တရုတ်ထံမှ ငွေပမာအများအပြား  ထပ်မံချေးခဲ့သည်ဟု မူဝါဒသုံးသပ်သူ အင်န်ဆာသီယာမော်သီက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly