ဂျပန်နှင့် တရုတ်က မေလတွင် အမေရိကန်ငွေတိုက်စာချုပ်ပိုင်ဆိုင်မှုများကို နှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံး သို့ လျှော့ချ

ဂျပန်နှင့် တရုတ်က မေလတွင် အမေရိကန်ငွေတိုက်စာချုပ်ပိုင်ဆိုင်မှုများကို နှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံး သို့ လျှော့ချ

ဂျပန်နှင့် တရုတ်က မေလတွင် အမေရိကန်ငွေတိုက်စာချုပ်ပိုင်ဆိုင်မှုများကို နှစ်ပေါင်းများစွာအတွင်း အနိမ့်ဆုံး သို့ ပြန်လည်လျှော့ချခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာန၏ အချက်အလက်များက ဇူလိုင် ၁၈ ရက်တွင် ဖော်ပြလိုက်သည်။

ဂျပန်၏ ပိုင်ဆိုင်မှုသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၁၂ ထရီလီယံသို့ ကျဆင်းသွားခဲ့ပြီး  ဘဏ္ဍာရေးဆိုင်ရာ လက်ဝယ်ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၁၁ ထရီလီယံရှိကာ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ နောက်ပိုင်း အနိမ့်ဆုံးဖြစ်သည်။ ဧပြီလက ဂျပန်၏ ပိုင်ဆိုင်မှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၁၈ ထရီလီယံရှိခဲ့သည်။

တရုတ်က ပိုင်ဆိုင်ထားသော အမေရိကန်အစိုးရကြွေးမြီသည် မေလတွင် ကန်ဒေါ်လာ ၉၈၀ ဒသမ ၈ ဘီလီယံ အထိ ကျဆင်းသွားခဲ့ပြီး ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၈၄၃ ဒသမ ၇ ဘီလီယံရှိခဲ့သည့် ၂၀၁၀ ပြည့်နှစ် မေလနောက်ပိုင်း အနိမ့်ဆုံးဖြစ်ကြောင်း အချက်အလက်များက ဖော်ပြနေသည်။

ဧပြီလတွင် တရုတ်က ငွေတိုက်စာချုပ် ကန်ဒေါ်လာ ၁ ဒသမ ဝဝ၃ ထရီလီယံ ပိုင်ဆိုင်ခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သည့် တရုတ်က ငွေတိုက်စာချုပ်ပိုင်ဆိုင်မှုများကို ၆ လဆက်တိုက် လျှော့ချခဲ့သည်။

မေလတွင် တရုတ်နှင့် ဂျပန်က ငွေတိုက်စာချုပ်များရောင်းချခဲ့သဖြင့် အမေရိကန်ငွေတိုက်စာချုပ်အတိုးနှုန်းများ ကျဆင်းသွားခဲ့သည်။ စံချိန်တွင် အတိုးနှုန်းကောင်းခဲ့သည့် ၁၀ နှစ်ငွေတိုက်စာချုပ်သည် မေလတွင် ၂ ဒသမ ၉၉၆ ရာခိုင်နှုန်းရှိရာမှ မေလကုန်တွင် အခြေခံအမှတ် ၁၅ ကျသွားသဖြင့် ၂ ဒသမ ၈၄၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။

ခြုံငုံသုံးသပ်ပါက နိုင်ငံခြားတိုင်းပြည်များ၏ အမေရိကန်ငွေတိုက်စာချုပ်များပိုင်ဆိုင်မှုသည် မေလတွင် အမေရိ ကန်ဒေါ်လာ ၇ ဒသမ ၄၂၁ ထရီလီယံသို့ ကျဆင်းသွားပြီး ဧပြီလတွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၄၅၅ ထရီလီယံရှိခဲ့သဖြင့် ၂၀၂၁ ခုနှစ် မေလနောက်ပိုင်း အနိမ့်ဆုံးဖြစ်ခဲ့သည်။

“ဂျပန်နဲ့ တရုတ်က မကြာသေးခင်က ဈေးကွက်လားရာအတိုင်း ဆက်လက် ရောင်းချခဲ့ပါတယ်။ ဂျပန်က နောက်ထပ် တစ်လလောက် ထပ်ရောင်းနိုင်ပေမဲ့ အရှိန်လျော့သွားပါလိမ့်တယ်။ ဂျပန်ဘဏ္ဍာရေးနှစ်ကုန် မတ်လမှာ ရောင်းသလိုမျိုးတော့ မတွေ့ဖူးပါဘူး'' ဟု နယူးယောက်ရှိ TD Securities မှ အကြီးတန်း အတိုးနှုန်းဆိုင်ရာ မဟာဗျူဟာပညာရှင် ဂိုးဘာ့ခ်က ပြောကြားခဲ့သည်။

အမေရိကန်ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားနေခြင်းကို တားဆီးရန် မေလ အတိုးနှုန်း အခြေခံအမှတ် ၅၀ နှင့် ဇွန်လတွင် အတိုးနှုန်းများကို အခြေခံအမှတ် ၇၀ ထိ သိသိသာသာမြှင့်တင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required